၂၀ မတ် ၂၀၂၆ - ၂၃:၀၆
ဆွစ်ဇာလန်နိုင်ငံသည် အီရန်အပေါ် တိုက်ခိုက်မှုကြောင့် အမေရိကန်သို့ လက်နက်တင်ပို့မှုကို ရပ်တန့်လိုက်

ဆွစ်ဇာလန်အစိုးရက ထုတ်ပြန်သည့် ကြေညာချက်အရ အမေရိကန်နိုင်ငံက အီရန်အပေါ် ကျူးကျော် တိုက်ခိုက် မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် အမေရိကန်သို့ လက်နက်တင်ပို့မှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Al-Araby Al-Jadeed ကို ကိုးကားဖော်ပြထားသည့်အတိုင်း ဆွစ်ဇာလန်နိုင်ငံက အမေရိကန်နိုင်ငံ၏ အီရန်အပေါ် ကျူးကျော်မှုများကြောင့် အမေရိကန်သို့ လက်နက်တင်ပို့ရန် ဆွစ်ဇာလန်လက်နက်ကုမ္ပဏီများအား ခွင့်ပြုချက် မပေးတော့မည်ဟု ကြေညာခဲ့ပါတယ်။

ထိုအစီရင်ခံစာအရ ဆွစ်ဇာလန်နိုင်ငံက မိမိတို့သည် ဘက်မလိုက်သော နိုင်ငံဖြစ်ကြောင်း အလေးပေး ဖော်ပြခဲ့ပါ တယ်။ ထိုနိုင်ငံအစိုးရက ထုတ်ပြန်သည့် ကြေညာချက်တွင် “အီရန်အပေါ် အပြည်ပြည်ဆိုင်ရာ လက်နက် ပဋိပက္ခတွင် ပါဝင်နေသော နိုင်ငံများသို့ စစ်သုံးလက်နက်များ တင်ပို့ခွင့် မပေးနိုင်ပါ” ဟု ဖော်ပြထား ပါတယ်။

ထိုကြေညာချက်တွင် “လက်ရှိအခြေအနေအရ အမေရိကန်နိုင်ငံသို့ လက်နက်တင်ပို့ခွင့် မပေးနိုင်ပါ” ဟုလည်း ထပ်မံဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha