၂၅ ဧပြီ ၂၀၂၆ - ၀၈:၂၀
ဒီအချိန်မှာ အစ္စရေးနဲ့ အမေရိကများ လုပ်ကြံရန် ကြိုးပမ်းနေသည့် အီရန်အစောင့်တပ်၏ ဗိုလ်ကြီး

လက်ရှိအချိန်မှာ အစ္စရေးနဲ့ အမေရိကများ လုပ်ကြံရန် ကြိုးပမ်းနေသည့် အီရန် ခေါင်းဆောင်တစ်ဦး ရှိပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

လက်ရှိအချိန်မှာ အစ္စရေးနဲ့ အမေရိကများ လုပ်ကြံရန် ကြိုးပမ်းနေသည့် အီရန် ခေါင်းဆောင်တစ်ဦး ရှိပါတယ်။ ထိုခေါင်းဆောင် တစ်ဦးကတော့ အီရန် အစ္စလာမ်မစ်  တော်လှန်ရေးအစောင့်တပ်ရဲ့ စစ်ဦးစီးချုပ်   ဗိုလ်ကြီး အဲဟ်မဒ် ဝဟီဒီ ဖြစ်ပါတယ်။

အလ္လာဟ်ဟို အရှင်မြတ်သခင် ၎င်းကို ကာကွယ်၊ စောင့်ရှောက်ပေးပါစေ။ အမေရိကန်က ဗိုလ်ကြီး အဲဟ်မဒ် ဝဟီဒီ ကို အီရန်နဲ့ ညှိနှိုင်းရာမှာ အကြီးမားဆုံး အဟန့်အတားအဖြစ် ရှုမြင်တာကြောင့် အစ္စရေးနဲ့ အမေရိကန်က သူ့ကို လုပ်ကြံဖို့ အပြည့်အဝ စီစဉ်နေကြပါတယ်။ ကြိုးပမ်းနေပါတယ်။

၂၀၂၆ ခုနှစ် မတ်လ ၁ ရက်နေ့မှာ  ဗိုလ်ကြီး ရှဟီးဒ် မိုဟမ္မဒ်  ပါ့ခ်ပူး လုပ်ကြံ ခံရပြီးနောက် ဗိုလ်ကြီး အဲဟ်မဒ် ဝဟီဒီ က  အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ရဲ့ ခေါင်းဆောင်မှုကို တာဝန်ယူခဲ့ပါတယ်။

အကြမ်းဖက်  အမေရိကန် နှင့် အကြမ်းဖက် အစ္စရေး တို့ ၏ အလွန်ရှက်ဖွယ်ကောင်းသည့် အချက်များ မှ တစ်ချက်မှာ အီရန် ၏ ခေါင်းဆောင်များ ဗိုလ်ကြီးများ ပညာရှင်များ ကို စစ်မြေပြင် မှာ မသတ်ဖြတ်နိုင်ပဲ သစ္စာဖောက်များ ယောက်ကျားမဆန်သည့် နည်းများ ကို သုံး၍ လုပ်ကြံရခြင်း ဖြစ်ပါတယ်။

ပြီးနောက် အကြမ်းဖက်  အမေရိကန် နှင့် အကြမ်းဖက် အစ္စရေး တို့ အတွက် သနားစရာ ကောင်းသည့် အချက်မှာ လူကို သတ်တာနဲ့ မှုပါ ပြောင်းသွားမည်ဟု အိမ်မက် ၊ မက်နေခြင်း ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha