အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်၏ AWACS လေတပ်ညွှန်ကြားရေးနှင့် ထိန်းချုပ်ရေး လေယာဉ်တစ်စင်းကို ဒရုန်းတိုက်ခိုက်မှုဖြင့် ဖျက်ဆီးခဲ့ သည်ဟု ဖော်ပြထားပါတယ်။
အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့် ရေးတပ် (IRGC) ၏ ပြည်သူ့ဆက်သွယ်ရေးဌာန ထုတ်ပြန်ချက်အရ ယခု တိုက်ခိုက်မှုသည် အမေရိကန်တပ်ဖွဲ့၏ ရန်လိုဆန်သော လုပ်ရပ်များကို တုံ့ပြန်သည့်အနေဖြင့် ပြုလုပ်ခဲ့ ခြင်းဖြစ် သည်ဟု ဆိုပါတယ်။
ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်မှာအယ်ခါရ်ဂျ် စစ်တပ်အခြေစိုက်စခန်းတွင် လောင်စာဖြည့် လေယာဉ် များ ကို ပစ်ချဖျက်ဆီးပြီးနောက် အီရန် IRGC ၏ အာကာသလေတပ်၏ ပူးပေါင်း ဒုံးကျည် နှင့် ဒရုန်း စစ်ဆင်ရေး အတွင်း E‑3 အမျိုးအစား AWACS လေယာဉ် အနည်းဆုံး တစ်စင်းကို ဆော်ဒီအာရေဗျရှိ အယ်ခါရ်ဂ် စစ်အခြေစိုက်စခန်းတွင် ၁၀၀ ရာခိုင်နှုန်း ဖျက်ဆီးနိုင်ခဲ့ပြီး အနီးရှိ အခြားလေယာဉ်များလည်း ပြင်းထန်စွာ ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုထားပါတယ်။
ဒရုန်းအသုံးပြု၍ ယင်းကဲ့သို့သော လေယာဉ်ကို ဖျက်ဆီးနိုင်ခဲ့သည်မှာ ကမ္ဘာပေါ်တွင် မှတ်တမ်းတင်ထားသည့် ပထမဆုံးဖြစ်ရပ်ဖြစ်ပါတယ်။

အမေရိကန်၏ လေတပ်အင်အားတွင် ယင်းလေယာဉ်များ အရေအတွက်က အကန့်အသတ်ရှိနေသည့်အတွက် ယခုဖြစ်ရပ်သည် ၎င်းနိုင်ငံ၏ လေတပ်ညွှန်ကြားမှုနှင့် ထိန်းချုပ်မှုစွမ်းရည်အပေါ် အရေးကြီးသော ထိုးနှက်ချက်တစ်ရပ်ဖြစ်သည်ဟု ဖော်ပြထားပါတယ
အမေရိကန်သည် ယခုစစ်ပွဲအတွင်း ဆော်ဒီအာရေဗျရှိ အခြေစိုက်စခန်းများနှင့် စွမ်းရည်အားလုံးကို အသုံးပြု နေပြီး ထိုနေရာများအပေါ် တိုက်ခိုက်မှုများလည်း တပြိုင်နက်တည်း တိုးမြင့်လာနေသည်ဟု ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment