အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ဘဂ္ဂဒက် မြို့ သောကြာ နမာဇ် ရှေ့ဆောင် ဆရာတော် နှင့် ဟောင်ဇေအေလ်မီယေ နဂျဖ် အရှ်ရဖ် ၏ ထင်ရှားသော ဆရာတစ်ပါး ဖြစ်သူ အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ က မိမိ ၏ သောကြာနမာဇ် ခွသ်ဗဟ်များ တွင် အီရတ် နှင့် ဒေသရင်ဆိုင်နေရသော စိန်ခေါ်မှုများကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဒေသဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုများ စွာကို ရည်ညွှန်းဟောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အီရတ်နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းသည် အထူးသဖြင့် သမ္မတရွေးချယ်ခြင်းနှင့် အစိုးရ ဖွဲ့စည်းခြင်း ဆိုင်ရာကိစ္စရပ်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကောင်အထည်ဖော်မှုအပေါ် အဓိကထား နေဆဲဖြစ် ကြောင်း၊ အထူးသဖြင့် သမ္မတရွေးချယ်ခြင်းနှင့် အစိုးရဖွဲ့စည်းခြင်းဆိုင်ရာကိစ္စရပ်တွင် အီရတ်ပြည်သူများသည် ရွေးကောက်ပွဲများတွင် ပါဝင်ခဲ့ကြပြီး မဲပေးခဲ့ကြသော်လည်း နိုင်ငံရေးကွဲပြားမှုများ၊ အထူးသဖြင့် ကာ့ဒ်လှုပ်ရှားမှုများအကြားတွင် ဥပဒေရေးရာအခွင့်အရေးများကို အကောင်အထည်ဖော်ရန် လုပ်ငန်းစဉ်ကို ကြာမြင့်စွာ အဟန့်အတားဖြစ်စေခဲ့ကြောင်း မိန့်ကြားခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ က ထပ်လောင်းမိန့်ကြား ရာတွင် သမ္မတရွေးကောက်ပွဲသည် နိုင်ငံရေး သဘောတူညီချက်များမှတစ်ဆင့် နောက်ဆုံးတွင် အောင်မြင်ခဲ့သော်လည်း ဤလုပ်ငန်းစဉ်ကို ဝေဖန်ခံ ရခြင်းမှာ ရွေးချယ်ရေးစံနှုန်းများသည် အရည်အချင်းနှင့် သမာဓိကို အခြေခံခြင်းထက် ပါတီ၏ ထည့်သွင်း စဉ်းစားမှုများနှင့် အကျိုးစီးပွားများအပေါ် မူတည်သောကြောင့်ဖြစ်ကြောင်း နိုင်ငံရေး ရေစီးကြောင်းများသည် နိုင်ငံကိုယ်စားပြုရန် လူတစ်ဦးချင်းစီ၏ သင့်လျော်မှုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ရွေးချယ်မှုတစ်ခုအပေါ် သဘောတူညီချက်တစ်ခု ရရှိလေ့ရှိကြောင်း ဖြစ်ပါတယ်။
ဝန်ကြီးချုပ်ရွေးချယ်ရေးကိစ္စနှင့် ပတ်သက်၍ လည်း နိုင်ငံတော်အကြီးအကဲကို ဆုံးဖြတ်ရာတွင် အလားတူ ချဉ်းကပ်မှုကို ထပ်ခါတလဲလဲလုပ်ဆောင်ခြင်းသည် "နိုင်ငံရေးအမှားအသစ်" တစ်ခုဆီသို့ ဦးတည်သွား လိမ့်မည် ဖြစ်ကြောင်း ရွေးချယ်မှုများကို လူပုဂ္ဂိုလ်များ၏ ပိတ်လှောင်ထားသော စက်ဝိုင်းအတွင်းသို့ ကန့်သတ်ခြင်း သည် အမျိုးသားအကျိုးစီးပွားထက် ပါတီအကျိုးစီးပွားကို ဦးစားပေးခြင်းကို ညွှန်ပြကြောင်း မိန့်ကြားခဲ့ပါတယ်။
ဒေသဆိုင်ရာနိုင်ငံရေးနယ်ပယ်တွင် အီရတ်ကို "မီးခိုးရောင်ဇုန်" တွင်ထားရှိရန် ကြိုးပမ်းမှုကို အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ က ငြင်းပယ်ခဲ့ပြီး အီရတ်သည် ပေါင်းစည်းထားသော ဒေသဆိုင်ရာပတ်ဝန်းကျင်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ကံကြမ္မာဆိုင်ရာကိစ္စရပ်များတွင် ကြားနေရပ်တည်ချက်ယူ၍မရကြောင်း မိန့်ကြား ခဲ့ပါတယ်။
အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ သည် လက်ဘနွန်နိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကိုလည်း ဟောကြား ခဲ့ပြီး နိုင်ငံအတွင်းရှိ နိုင်ငံရေးရပ်တည်ချက်အချို့ကို ဝေဖန်ခဲ့ပါတယ်။ “ပါကစ္စတန်က ကြားဝင် စေ့စပ် ပေးသော အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် အမေရိကန်ပြည်ထောင်စုအကြား ဆွေးနွေးပွဲ လုပ်ငန်း စဉ်နှင့် အပစ်အခတ်ရပ်စဲရေးကို ချိတ်ဆက်ခြင်းကို ဆန့်ကျင်ခြင်းသည် ပဋိပက္ခများ မြင့်တက်လာပြီး အရပ်သား ရာပေါင်းများစွာ၏ အသက်ဆုံးရှုံးမှုကို ဖြစ်စေသည် ” ဟုမိန့်ကြားခဲ့ပါတယ်။
ဆက်လက်ပြီး "အပစ်အခတ်ရပ်စဲရေးကြေငြာချက်အပါအဝင် မကြာသေးမီက ဖြစ်ပေါ်တိုးတက်မှုများသည် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ဟစ်ဘွလ္လာဟ် တို့၏ ကြံ့ကြံ့ခံ ခုခံမှုနယ်ပယ်၏ ဖိအားများနှင့် ရပ်တည် ချက်များ၏ ရလဒ်ဖြစ်ပြီး "ခုခံမှု" သည် သံတမန်ရေးလုပ်ငန်းစဉ်များသာမက အခြားတစ်ဖက်တွင် ဤ အခြေ အနေများ ကို ချမှတ်ရာတွင် အဆုံးအဖြတ်ပေးသည့်အချက်ဖြစ်ကြောင်း " မိန့်ကြားခဲ့ပါတယ်။
“လက်ဘနွန်တွင်ဖြစ်ပျက်ခဲ့သည်များသည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်ရာတွင် ခုခံတွန်းလှန်ရန် ရွေးချယ်မှု ကို လိုက်နာရန် အရေးကြီးကြောင်း ပြသနေသည်” ဟု ထပ်လောင်းမိန့်ကြားခဲ့ပါတယ်။ ပြီးနောက် ဒေသတွင်း နိုင်ငံများ၊ အထူးသဖြင့် ပင်လယ်ကွေ့နိုင်ငံများအနေဖြင့် ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ နိုင်ငံခြား အင်အားကြီးနိုင်ငံများအပေါ် မှီခိုအားထားခြင်းကို ရှောင်ကြဉ်ရန်နှင့် ဒေသတွင်းမှ နိုင်ငံခြား အခြေစိုက် စခန်းများကို ရုပ်သိမ်းရန် ခြေလှမ်းများလှမ်းရန် တောင်းဆိုခဲ့ပါတယ်။
အဆုံးသတ်အနေဖြင့် အာယာသွလ္လာဟ် ဆယက်ဒ် ယာစင်းန် မူစဝီ က ပြည်တွင်းနှင့် ပြည်ပမူဝါဒများကို ပြန်လည် သုံးသပ်ရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပြီး အရည်အချင်းနှင့် တရားမျှတမှုကို အခြေခံသည့် အစိုးရတစ်ရပ် တည်ဆောက်ရန် အာရုံစိုက်ရန် တောင်းဆိုခဲ့ပြီး နိုင်ငံရေးနှင့် စီးပွားရေး အကျပ်အတည်းများ ဆက်လက်ဖြစ်ပွားနေခြင်းသည် နိုင်ငံ၏ တည်ငြိမ်မှုအတွက် ပြင်းထန်သော အကျိုးဆက်များ ရှိနိုင်ကြောင်း သတိပေးမိန့်ကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment