၂၆ ဧပြီ ၂၀၂၆ - ၂၃:၅၉
မရှိဆင်းရဲသား မိုအ်မင်အား ကူညီခြင်း

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မှ ရီဝါယသ် တော် တစ်ခု တွင် မရှိဆင်းရဲသား မိုအ်မင် အားကူညီခြင်း နှင့်ပတ်သက်ပြီး မိန့်တော် မူထား ပါတယ်။ ဤဟဒီးစ်တော် အား လေ့လာ နှလုံးသွင်းပြီး လက်တွေ့ လိုက်နာ ကျင့်သုံး နိုင် အောင် ကြိုးစား ရမည် ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သိုဟ်ဖို အိုကူးလ် ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

قال امیرالمؤمنين علیه السلام:

إنَّ أحَبَّ المُؤمنِینَ إلَی اللَّهِ مَن أعانَ المُؤمِنَ الفَقیرَ مِنَ الفَقرِ فی دُنیاهُ و مَعاشِهِ.

အမီးရိုလ်မိုအ်မေနီးန် အေမာမ် အလီ  (အလိုင်ဟစ်စလာမ်)   မိန့်တော် မူ၏။

« အလ္လာဟ်ဟိုအရှင်မြတ် အချစ်ဆုံးသော မိုအ်မင် သည် ဤလောက၏ ဒုက္ခများနှင့် ဘဝ၏ ရှင်သန် ရပ်တည် ရေးတွင် ဆင်းရဲသော မိုအ်မင် ကို ကူညီပေးသူဖြစ်ပါသည်။  »

ကျမ်းကိုး ။ ။ သိုဟ်ဖို အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၃၇၆

မှတ်ချက်  -  အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီးသုံးသပ်ရမည်ဆိုလျှင်  အလ္လာဟ်ဟိုအရှင်မြတ်၏ ချစ်ခင်ခြင်း ကို ရရှိလိုပါက မိုအ်မင်အချင်းချင်းကို ကူညီပေးရမည် ဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခရောက်နေသူ ၊ ဘဝ အခက် အခဲကြုံနေသူ မိုအ်မင်ကို ကူညီပေးသူသည် အလ္လာဟ်ဟိုအရှင်မြတ်၏ အချစ်ဆုံးသူ စာရင်း ဝင်လာ မည်ဖြစ် ပါတယ်။ ဤဟဒီးစ်တော်အရ  မိမိခုံ ၊နေရာမြဲဖို့ မိမိဘက် ပါဖို့ ကူညီမှုကို အကြောင်းပြပြီး ကိုယ့်လူ ဖြစ်အောင် လူမွေးနေသူများအထူးသတိပြု ၊သံဝေဂ ယူသင့်ပါတယ်။

****************************************************************

END / 251

Tags

Your Comment

You are replying to: .
captcha