အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ အစီရင်ခံစာအရ စစ်ပွဲ၏ နောက်ဆုံးရက်များအထိ ရန်သူသည် မြေပြင်တိုက်ခိုက်မှုကို အကြိမ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့သော်လည်း အီရန်မြေပြင်တပ်မတော်၏ ပြင်ဆင်မှုနှင့် ခိုင်မာသော ကာကွယ်ရေးအစီအစဉ်များကြောင့် နယ်စပ်များမှတစ်ဆင့် မည်သည့်အရေးယူမှုမျှ မလုပ်ဆောင်နိုင်ခဲ့ဟု အမီးရ် မိုဟမ္မဒ် အက်ရမီ က ပြောကြားခဲ့ပါတယ်။
စစ်မြေပြင်တွင် မြေပြင်တပ်မတော်၏ အခန်းကဏ္ဍနှင့် စွမ်းဆောင်ရည်ကို ဖော်ပြရာတွင် တပ်မတော်သည် စစ်ပွဲ အတွင်း ရှေ့တန်းတိုင်းတွင် မိမိ ၏အခန်းကဏ္ဍကို တာဝန်သိစွာ ထမ်းဆောင်ခဲ့ကြောင်း အမီးရ် မိုဟမ္မဒ် အက်ရမီ က ပြောကြားခဲ့ပါတယ်။
စစ်ဘက်ဆိုင်ရာကွပ်ကဲမှု နှင့် ထောက်လှမ်းရေးအေဂျင်စီများ၏ အစီရင်ခံစာများအရ ရန်သူသည် တိုက်ခိုက်မှု အတွက် ပြင်ဆင်နေကြောင်း ရှင်းရှင်းလင်းလင်း သိရှိရပြီး ထို့ကြောင့် အီရန်တပ်မတော်၏ တပ်ဖွဲ့အားလုံးသည် စစ်ပွဲ မတိုင်မီကပင် အပြည့်အဝ အသင့်ဖြစ်နေခဲ့ပါတယ်။
ပြောရေးဆိုခွင့်ရှိသူက မြေပြင်တပ်ဖွဲ့များသည် စစ်ပွဲအတွင်း ရန်သူ့နေရာများကို ဖဂျ်ရ် နှင့် ဖာသေဟ် ဒုံးကျည် များ ဖြင့် အောင်မြင်စွာတိုက်ခိုက်မှုများအပါအဝင် အရေးကြီးသောစစ်ဆင်ရေးများစွာကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
နယ်စပ်များကို ကာကွယ်ရန်အတွက် မြေပြင်တပ်ဖွဲ့များသည် စဉ်ဆက်မပြတ် စောင့်ကြည့်ခြင်းနှင့် ကာကွယ် ရေးအစီအမံများ ကို ဆောင်ရွက်ခဲ့ပြီး၊ ထို့ကြောင့် ရန်သူသည် အဆုံးအထိ မြေပြင်တိုက်ခိုက်မှုကို မလုပ် ဆောင်ရဲခဲ့ ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
တော်လှန်ရေးအစောင့်တပ်များနှင့်အတူ မြေပြင်တပ်ဖွဲ့များ၏ ပူးတွဲပြင်ဆင်မှုသည် နယ်စပ်လုံခြုံရေးကို သေချာ စေခဲ့ပါတယ်။ လေတပ်စစ်ဆင်ရေးများကို ရည်ညွှန်း၍ အမီးရ် မိုဟမ္မဒ် အက်ရမီ က အီရန်စစ်လေယာဉ်များသည် အရ်ဘေလ် ၊ ကူဝိတ် နှင့် ကာတာရှိ အခြေစိုက်စခန်းများအပါအဝင် ဒေသတွင်းရှိ ရန်သူ့ဗဟိုဌာနအမျိုးမျိုးကို ပစ်မှတ် ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
အမေရိကန် မီဒီယာအစီရင်ခံစာတစ်ခုတွင် အီရန် F-5 လေယာဉ်များသည် အခိုင်အမာခံတပ်များ ထူထပ်စွာ ချထားသော နယ်နိမိတ်ကို ဖြတ်ကျော်ပြီး အမေရိကန်အခြေစိုက်စခန်းသို့ ရောက်ရှိကာ ပစ်မှတ်ထားခဲ့သည့် ဤစစ်ဆင်ရေးကို ထူးခြားသောစစ်ဆင်ရေးအဖြစ် ဖော်ပြခဲ့ပါတယ်။
လေတပ်သည် စစ်ပွဲ ၏ နောက်ဆုံးနေ့အထိ ရန်သူ့နေရာအမျိုးမျိုးကို ဒရုန်းတိုက်ခိုက်မှုများ ဆက်လက် လုပ် ဆောင် ခဲ့ပါတယ်။
ရန်သူများအစ္စဖဟန် တောင်ပိုင်းသို့ ထိုးဖောက်ဝင်ရောက်လာသည်နှင့် မြေပြင်တပ်ဖွဲ့များသည် ချက်ချင်း အရေး ယူဆောင်ရွက်ခဲ့ပြီး အမေရိကန်လေယာဉ်တစ်စင်းကို ပစ်ချခဲ့ပြီး ရန်သူ့စစ်ဆင်ရေးကို ပျက်ပြားစေခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment