၂ မေ ၂၀၂၆ - ၀၈:၅၈
ဆွေးနွေးပွဲများကို ကြိုဆိုသော်လည်း ဖိအားနှင့် အတင်းအကျပ်ကို မလက်ခံကြောင်း အီရန်တရားသူကြီးချုပ် ပြောကြား

H.I ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ က အီရန်သည် ဆွေးနွေးပွဲစားပွဲမှ မည်သည့်အခါမျှ မထွက်ခွာခဲ့ကြောင်း သို့ရာတွင် သဘောတရားနှင့် သမာဓိမရှိသော မည်သည့် ဆွေးနွေးမှု သို့မဟုတ် သဘောတူညီချက်ကိုမဆို လက်ခံမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehrသတင်းဌာန၏အစီရင်ခံစာအရ အီရန်တရားသူကြီးချုပ် H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ က အစ္စလာမီ သမ္မတနိုင်ငံ အီရန်သည် အမြဲတမ်း ဆွေးနွေးပွဲများကို ထောက်ခံအားပေးခဲ့ကြောင်း သို့သော် ဖိအား သို့မဟုတ် ခြိမ်းခြောက်မှုအပေါ် အခြေခံ၍ ချမှတ်ထားသော ဆွေးနွေးရေး လုပ်ငန်းစဉ်မျိုးကို မည်သည့်အခါမျှ လက်မခံနိုင်ကြောင်း အီရန်သည် သဘောတရား၊ သမာဓိနှင့် တရားမျှတမှုအခြေခံထားသော ဆွေးနွေးပွဲများ ကိုသာ လက်ခံမည်ဟု ဖြစ်ကြောင်း အလေးထား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး  အီရန်သည် ဆွေးနွေးရေးစားပွဲကို မည်သည့်အခါမျှ မစွန့်လွှတ်ခဲ့ကြောင်း၊ အမြဲတမ်း ဆွေးနွေးပွဲကို ထောက်ခံခဲ့ကြောင်း သို့သော် ရန်ဘက်များ၏ အလွန်အကျွံ တောင်းဆိုမှုများနှင့် တစ်ဖက်သတ် အရေးယူမှုများ အောက်တွင် ခေါင်းငုံ့ရန်မှာ အီရန်၏ မူဝါဒမဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

မိုဟ်စင်နီ အယေအီ က တိုက်ခိုက်မှုများ၊ ခြိမ်းခြောက်မှုများနှင့် ရန်လိုမှုများမှတစ်ဆင့် မိမိ၏ ရည်ရွယ်ချက်များ မအောင်မြင်ခဲ့သည့် ရန်ဘက်သည် ဆွေးနွေးရေးစားပွဲတွင်လည်း မိမိ၏ သဘောထားကို တစ်ဖက်သတ် ချမှတ်နိုင် မည်မဟုတ်ကြောင်း အီရန် အရာရှိများသည် ဖိအားအပေါ် အခြေခံသော ဆွေးနွေးပွဲများကို လုံးဝ လက်မခံ ကြောင်း  ပြောကြားခဲ့ပါတယ်။

အီရန်တရားသူကြီးချုပ် က ထပ်မံ၍ စစ်ရေးနှင့် သံတမန်ရေးသည် အမြဲတမ်း အတူတကွ ဆက်စပ်နေကြောင်း ဤမူဝါဒမှာ တော်လှန်ရေး ခေါင်းဆောင်၏ လမ်းညွှန်ချက်များအရ သတ်မှတ်ထားသော မူဝါဒဖြစ်ကြောင်း အချို့သောသူများသည် ကောင်းမွန်သော ရည်ရွယ်ချက်ဖြင့် မတူညီသော အမြင်များ ရှိနိုင်သော်လည်း၊ မိမိတို့၏ ရပ်တည်ချက်ကို နိုင်ငံအကျိုးစီးပွားနှင့် နိုင်ငံ၏ အထက်ဆုံး မူဝါဒများနှင့် ကိုက်ညီစေရန် စီစဉ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ စစ်ရေးနှင့် ပတ်သက်၍လည်း အီရန်သည် စစ်ကို လိုလားသူ မဟုတ်သော်လည်း စစ်ကို ကြောက်ရွံ့သူလည်း မဟုတ်ကြောင်း အကယ်၍ အီရန်၏ ဂုဏ်သိက္ခာနှင့် မာနကို ခြိမ်းခြောက်မှု ရှိလာပါက၊ လူမျိုးတစ်ရပ်လုံးသည် မိမိတို့၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် အပြည့်အဝ တုံ့ပြန်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်တရားသူကြီးချုပ် က အီရန်ပြည်သူများ၏ ခိုင်မာပြီး ညီညွတ်သော ရပ်တည်ချက်၏ ထင်ရှားသော ဥပမာမှာ «  အီရန် အတွက် စတေးမှု » ဆိုသည့် လှုပ်ရှားမှုဖြစ်ကြောင်း ထိုလှုပ်ရှားမှုတွင် လူပေါင်း သန်း ၃၀ ကျော် စာရင်းပေးသွင်းထားကြောင်း ၎င်းသည် ရန်ဘက်များ၏ နှလုံးသားတွင် ကြောက်ရွံ့မှု ဖြစ်ပေါ်စေခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ထပ်လောင်း၍ အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ရန်လိုမှုများနှင့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက် ၍လည်း ပြောကြားခဲ့ပြီး ထိုရာဇဝတ်မှုများ၏ ဥပဒေရေးနှင့် တရားရေးဆိုင်ရာ ကိစ္စရပ်များကို ပြည်တွင်း နှင့် နိုင်ငံတကာ အဆင့်တွင် အပြည့်အဝ ဆက်လက် လိုက်နာဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့ပါတယ်။

အီရန်တရားသူကြီးချုပ် H.I  ဂိုလာန် ဟိုစိုင်းန် မိုဟ်စင်နီ အယေအီ က အီရန်သည် စစ်ရာဇဝတ်မှု ကျူးလွန်သူများ ကို လိုက်လံရှာဖွေကာ တရားစွဲဆို၍ အပြစ်ပေးမည်ဖြစ်ပြီး၊ ထိုသူများထံမှ လျော်ကြေးငွေကိုလည်း ရယူသွား မည်ဟု ထပ်မံ ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha