အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIBသတင်းအေဂျင်စီ နှင့် ကာဘူးလ်မြို့မှ သတင်းပေး ပို့ချက်အရ နင်ဂါဟာရ် ပြည်နယ် ရဲတပ်ဖွဲ့ က ယနေ့ ထုတ်ပြန်ကြေညာရာတွင် ပြောကြားသည်မှာ စစ်ကာလမှ ကျန်ရှိနေသော မာမီ (ကျည်ဆံတစ်မျိုး) ပေါက်ကွဲမှု ကြောင့် နင်ဂါဟာရ် ပြည်နယ် ရူဒတ် ခရိုင်တွင် ကလေးတစ်ဦး သေဆုံးပြီး အခြား ကလေးတစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဖြစ်ပါတယ်။
ဤဖြစ်ရပ်သည် ကလေးများ သိုး၊ နွားများကို လှည့်လည်ထိန်းကျောင်းနေစဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။
ထို့အပြင် ပရိုဝန် ပြည်နယ် ဘဂရမ် ခရိုင်တွင်လည်း အလားတူ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပြီး အသက် ၂၀ အရွယ် လူငယ်တစ်ဦး သေဆုံးကာ ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပရိုဝန် ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ရာတွင် ဤဖြစ်ရပ်သည် အသက် ၂၀ အရွယ် လူငယ်က စစ်ကာလမှ ကျန်ရှိနေသော လက်နက်၏ ဗုံးခေါင်းကို ဖွင့်ရန် ကြိုးပမ်းစဉ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင် သေဆုံးကာ ကလေး ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆိုပါတယ်။
အာဖဂန်နစ္စတန်သည် မိုင်းများနှင့် ပေါက်ကွဲပစ္စည်းများကြောင့် ဖြစ်ပွားသော သေဆုံးမှုအရ ကမ္ဘာပေါ်တွင် တတိယအများဆုံး ထိခိုက်ဒဏ်ရာရမှုရှိသည့် နိုင်ငံဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများက ပြောကြားထားသည်မှာ အာဖဂန်နစ္စတန်တွင် ပေါက်ကွဲမှုများကြောင့် တစ်နေ့လျှင် ပျမ်းမျှ ကလေးတစ်ဦး သေဆုံးနေကြောင်း ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment