အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သင်္ဘောများ ဟာ ပါရှန်ပင်လယ်ကွေ့နှင့် ဟော်မုဇ်ရေလက်ကြားထဲကို ကျူးကျော်ဝင်ရောက်လာမှုနဲ့ IRGC ရေတပ်ရဲ့ ဂုဏ်ယူစရာကာကွယ်ရေးတွေ ပြုလုပ်ပြီးနောက် CBS က ဆောင်းပါးတစ်ပုဒ်မှာ ရေးသားခဲ့ ပါတယ်။
USS Truxton နှင့် USS Mason စစ်သင်္ဘောများဟာ အီရန် ၏ ပြင်းထန်သည့် တိုက်ခိုက်မှုရဲ့ ပစ်မှတ်ဖြစ်ပြီး အမေရိကန် အရာရှိများ က ဒီသင်္ဘောများ အပေါ် တိုက်ခိုက်မှုများ သည် ပိုပြင်းထန်ပြီး ရေရှည်တည်တံ့တယ်လို့ ဖော်ပြခဲ့ ကြပါတယ်။

အီရန် မြန်နှုန်းမြင့်သင်္ဘောများ ဟာ ဖျက်သင်္ဘောများ နှင့် အလွန်နီးကပ်လာတာကြောင့် ဖျက်သင်္ဘောများ ဟာ ရေတပ် အမြောက်များ အနီးကပ်လက်နက်စနစ်များနှင့် ကုန်းပတ်ပေါ်မှာတပ်ဆင်ထားသည့် လက်နက်များကို အသုံးပြုခဲ့ကြောင်း အမေရိကန်အရာရှိများကပြောကြားခဲ့ပါတယ်။
အီရန်ဟာ ပဋိပက္ခအတွင်း ဒရုန်းများ၊ ဒုံးကျည်များကို အသုံးပြုခဲ့တယ်လို့လည်း အရာရှိတွေက ပြောပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment