၈ မေ ၂၀၂၆ - ၁၁:၂၂
ဂါဇာ ၏ ခါလီလ် အယ်လ်ဟိုင်ယဟ်  ၏ စတုတ္ထမြောက်သား အာဇာနည်အဖြစ် အတည်ပြု

ဇီယွန်ဝါဒီတိုက်ခိုက်မှုတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သော အာဇမ်အယ်လ်ဟိုင်ယဟ် သည် ၎ဒဏ်ရာများကြောင့် သေဆုံးသွားခဲ့ပြီး ပါလက်စတိုင်းမီဒီယာများက ဈာပနဓာတ်ပုံများကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ ဂါဇာရှိ ဆေးဘက်ဆိုင်ရာသတင်းရင်းမြစ်များက ဂါဇာရှိ ဟားမတ်စ်၏ အကြီးတန်းခေါင်းဆောင် ခါလီလ် အယ်လ်ဟိုင်ယဟ် စတုတ္တမြောက် သား အာဇမ်အယ်လ်ဟိုင်ယဟ် အာဇာနည် အဖြစ် အတည် ပြုခဲ့ပါတယ်။

အသေးစိတ်အချက်အလက်များအရ ဂါဇာရှိ အယ်လ်ရှီဖာဆေးရုံမှ သတင်းရင်းမြစ်တစ်ခုက အာဇမ် အယ်လ် ဟိုင်ယဟ် သည် မေလ ၆ ရက်နေ့ ၂၀၂၆ခုနှစ် က ဂါဇာရှိ ဇီယွန်ဝါဒီများ၏တိုက်ခိုက်မှုတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ၎င်း ဒဏ်ရာပြင်းထန်မှုကြောင့် မေလ ၇ ရက်နေ့ ၂၀၂၆ ခုနှစ် တွင် အာဇာနည်အဖြစ် ကြေငြာ ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအရ ခါလီလ် အယ်လ်ဟိုင်ယဟ် သည် မနေ့ညက ထုတ်ပြန်ခဲ့သော မိမိ ၏သတင်းစကားတွင် မိမိ ၏ သားနှင့် အခြားပါလက်စတိုင်းလူငယ်များစွာသည် အစ္စရေးတိုက်ခိုက်မှုတွင် ပြင်းထန်စွာဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

ဂါဇာ ၏ ခါလီလ် အယ်လ်ဟိုင်ယဟ်  ၏ စတုတ္ထမြောက်သား အာဇာနည်အဖြစ် အတည်ပြု

အာဇမ်အယ်လ်ဟိုင်ယဟ် ၏ အာဇာနည်အဖြစ် ကျဆုံးပြီးနောက် ခါလီလ်အယ်လ်ဟိုင်ယဟ် ၏ မိသားဝင်များ မှ အာဇာနည်အဖြစ် ကျဆုံးသူ အရေအတွက်မှာ လေးဦးအထိ ရောက်ရှိခဲ့ပါတယ်။

အစောပိုင်းတွင် ဂါဇာရှိ ဇီယွန်ဝါဒီများ၏ တိုက်ခိုက်မှုများအတွင်း ၎င်း၏ သားသုံးဦးနှင့် မြေးများစွာလည်း အာဇာနည်အဖြစ် ကျဆုံးခဲ့ကြပါတယ်။ အခြားတစ်ဖက်တွင် ပါလက်စတိုင်းမီဒီယာများသည် ဂါဇာရှိ အာဇာနည် ရှဟီးဒ် အာဇမ်အယ်လ်ဟိုင်ယဟ် ၏ ဈာပနနှင့် မြှုပ်နှံမှု ဓာတ်ပုံများနှင့် ဗီဒီယိုများကိုလည်း ထုတ်ပြန်ခဲ့ပြီး နိုင်ငံသား အများအပြား ပါဝင်နေသည်ကို မြင်တွေ့နိုင်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha