၈ မေ ၂၀၂၆ - ၁၆:၃၄
အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ  ကွမ်းမြို့သို့ သွားရောက်ပြီး အိုလမာ နှင့် တွေ့ဆုံခြင်း

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ သည် သာသနာ့ ရွှေမြို့တော် သို့ သွားရောက်ခဲ့ပြီး အိုလမာ ၊ ဟောင်ဇာ၏ ပညာရှင်ကြီးများ၊ ပြည်နယ် အရာရှိများ နှင့် တွေ့ဆုံ စကားဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRIBသတင်းအေဂျင်စီ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏  နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အီစ္စမာအီ ဗကာအီ သည် ပြည်နယ်ထောက်ပံ့ ရေးကောင်စီ၏ အစည်းအဝေးသို့ တက်ရောက် ခဲ့ပြီး ကွမ်းမြို့သူမြို့သားများ၊ ခရီးသွားများနှင့် ဇေယာရသ် ပြုသူများအတွက် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးအပ်ရန် ကွမ်းပြည်နယ်၏ အကြီးတန်းမန်နေဂျာများ၏ အစီအစဉ်များနှင့် ကြိုးပမ်း အားထုတ်မှု များကို ရှင်းလင်းတင်ပြချက်များကိုကြားနာ ခဲ့ပါတယ်။

 အစ္စလာမ်အတိုင်ပင်ခံညီလာခံ၏ အစ္စလာမ်သုတေသနစင်တာတွင် ကျင်းပခဲ့သော မီဒီယာနှင့် အများ ပြည်သူ သံတမန် ရေးနယ်ပယ်ရှိ ပါမောက္ခများ၊ သုတေသီများနှင့် တက်ကြွလှုပ်ရှားသူများအဖွဲ့နှင့် တွေ့ဆုံမှုတွင် နိုင်ငံခြား ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် အမေရိကန်ပြည်ထောင်စုနှင့် ဇီယွန်ဝါဒီအစိုးရ၏ အီရန်အပေါ် စစ်ရေးကျူးကျော်မှုနှင့်ပတ်သက်၍ နောက်ဆုံးဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများကို ရှင်းပြခဲ့ပြီး ချမှတ် ထားသောစစ်ပွဲအဆုံးသတ်ရေးနှင့် ဆက်စပ်သောကိစ္စရပ်များ နှင့် ပတ်သက်၍ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ အမြင်များကို ရှင်းပြခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆို ခွင့်ရှိသူသည် သာသနာ့ ရွှေမြို့တော် သို့ သွားရောက်ခဲ့ပြီး အိုလမာ ၊ ဟောင်ဇာ ၏ ပညာရှင်ကြီးများ၊ ပြည်နယ် အရာရှိများ နှင့် တွေ့ဆုံ စကားဆိုခဲ့ပါတယ်။  နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ သည် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး  နှင့် တွေ့ဆုံပြီး စစ်ပွဲအဆုံးသတ်ရေးနှင့် ပတ်သက်သည့် နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းတင်ပြခဲ့ပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူမှ  ကွမ်းမြို့သို့ သွားရောက်ပြီး အိုလမာ နှင့် တွေ့ဆုံခြင်း

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး  နှင့် တွေ့ဆုံ တွင် အီရန် နိုင်ငံတော်သမ္မတ၏ သာသနာ့ပညာရှင်များ ရေးရာ အကြံပေးပုဂ္ဂိုလ် H.I အေမာဒ် လည်း တက်ရောက်ခဲ့ပါတယ်။

ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး  ကလည်း လက်ရှိဖြစ်ပေါ်တိုးတက်မှုများနှင့် ရန်သူများ၏ မကောင်းသော ရည်မှန်းချက်များ မအောင်မြင်နိုင်အောင်  တားဆီးနိုင် ရန်အတွက် နယ်ပယ် အားလုံးတွင် ပြည်သူများ၏ ရှိနေခြင်းကို ဆက်လက်ထိန်းသိမ်းခြင်းနှင့် အားကောင်းစေခြင်း၏ အရေးပါမှုအပေါ် ညွှန်ကြားချက်များ မိန့်ကြားခဲ့ပါတယ်။

 နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူသည် ဟဇရသ် ဖွာတွေမဟ် မအ်စူမဟ် (စ.အ) ရောင်ဇာတော် ၏  ထိန်းသိမ်း စောင့်ရှောက်ရေးဌာန၏ အကြီးတန်းမန်နေဂျာများနှင့်လည်း တွေ့ဆုံခဲ့ပြီး ဇေယာရသ် ဆိုင်ရာ လုပ်ငန်းနှင့် အများပြည်သူ သံတမန်ရေး နယ်ပယ်များတွင် ကွမ်းပြည်နယ်၏ အလားအလာများစွာကို အသိ ပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha