၁၃ မေ ၂၀၂၆ - ၁၄:၁၃
ကျူးကျော်မှု အသစ်တိုင်းကို ပြတ်ပြတ်သားသား နှင့် ချက်ချင်းတုံ့ပြန်သွားမည်ဟု အီရန် ကာကွယ်ရေး ဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူ

အီရန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး ရေဇာသွလာအီနီက် က ရန်သူများအား မည် သည့် ရန်လိုမှုနှင့် ကျူးကျော်မှုအသစ်များကိုမဆို ရှောင်ကြဉ်ရန် သတိပေးခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး ရေဇာသွလာအီနီက် က စစ်ပွဲဖြစ်စေ၊ သံတမန်ရေးနယ်ပယ်ဖြစ်စေ အမေရိကန်၊ဇီယွန်ဝါဒီ ရန်သူများ သည် အီရန်ပြည်သူများ ၏ တရားဝင်တောင်းဆိုချက်များကို လိုက်နာရမည်ဖြစ်ပြီး ၎င်းတို့အတွက် ဤရှုပ်ထွေး မှု မှ လွတ်မြောက်ရန် အခြားနည်းလမ်းမရှိကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

ရန်သူများသည် ကျူးကျော်မှု နှင့် စစ်ပွဲအသစ်များ စတင်ပါက အီရန်လက်နက်ကိုင်တပ်ဖွဲ့များမှ ချက်ချင်း ပြတ်ပြတ် သားသား တုံ့ပြန်မှုကို ရင်ဆိုင်ရမည်ဖြစ်ပြီး ရန်သူများသည် နောင်တရကြလိမ့်မည်ဟု ကာကွယ် ရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့ပါတယ်။

အီရန်လက်နက်ကိုင်တပ်ဖွဲ့များသည် အမေရိကန်ရေတပ်ကို အကြိမ်ပေါင်းများစွာ ထွက်ပြေးရန် ဖိအားပေးခဲ့ပြီး ကြောင်း ဤသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့များ ၏ စစ်ရေးပြင်ဆင်မှုအပြည့်အစုံ၏ ရှင်းလင်းသော သက်သေ ဖြစ် ကြောင်း ဗိုလ်ချုပ်ကြီး ရေဇာသွလာအီနီက် က ပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha