၁၅ မေ ၂၀၂၆ - ၂၃:၅၅
အီရန်နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယဝန်ကြီးချုပ် မိုဒီ နှင့် တွေ့ဆုံ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် မနေ့က နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ နှင့်တွေ့ဆုံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ မနေ့က နယူးဒေလီတွင် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ နှင့်တွေ့ဆုံခဲ့ပါတယ်။

သတင်းဌာန၏အဆိုအရ BRICS နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မနေ့ကနံနက်တွင်စတင်ခဲ့ပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့ပါတယ်။

ထိုအခမ်းအနားတွင် ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီရန်အနေဖြင့် BRICS နိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအား အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်အပေါ် ရန်လိုသောလုပ်ရပ်များအပါအဝင် တရား မဝင်လုပ်ရပ်များကို ပြင်းထန်စွာရှုတ်ချရန် တောင်းဆိုကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများကို နိုင်ငံရေးအရအသုံးပြုခြင်းကို ကာကွယ်ရန်နှင့် စစ်ပွဲလှုပ်ရှားမှုများကို အဆုံး သတ်ရန် လက်တွေ့ကျ လသောခြေလှမ်းများလှမ်းရန်လည်း အလေးပေးပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha