အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ အမေရိကန်ပြည်ထောင်စုသည် အီရန်၏ စစ်ပွဲကို အဆုံးသတ်ရန် ရေးသားထားသော အဆိုပြုချက်ကို ထပ်မံငြင်းပယ်ခဲ့ပြီး နျူကလီးယားပြဿနာနှင့် ပတ်သက်၍ ၎င်း၏ ယခင်ရပ်တည်ချက်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။
တီဟီရန်တိုင်းမ်စ်မှ ရရှိသော သတင်းများအရ အမေရိကန်အစိုးရသည် အီရန်၏ ရေးသားထားသော အဆိုပြုချက် ကို တရားဝင်တုံ့ပြန်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
သတင်းတစ်ပုဒ်အရ အမေရိကန်သည် တီဟီရန်၏ အဆိုပြုချက်များကို ငြင်းပယ်ခဲ့ပြီး အထူးသဖြင့် နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ ပြင်းထန်ပြီး ဖိအားပေးသည့် တောင်းဆိုချက်များကို ထပ်မံ အတည် ပြုခဲ့ ပါတယ်။
သတင်းရင်းမြစ်များ၏ အဆိုအရ အီရန်သည် နှစ်ဆင့်ဆွေးနွေးပွဲအစီအစဉ်ကို တင်ပြခဲ့ပါတယ်။ ပထမအဆင့်တွင် စစ်ပွဲကို အဆုံးသတ်ရန် အဆိုပြုခဲ့ပြီး ဒုတိယအဆင့်တွင် အီရန်၏ အခြေအနေများ ပြည့်မီပါက နျူကလီးယားပြဿနာဆိုင်ရာ ဆွေးနွေးပွဲများကို စတင်ရန်ဖြစ်ပါတယ်။
အနှစ်ချုပ်အားဖြင့် အမေရိကန် သည် အစ္စရေး စိတ်ချမ်းသာရေးကို အဓိကထားပြီး တစ်ဖက်သတ် အနိုင်ရမှု နဲ့ ဗိုလ်ကျမှုကိုသာ လိုချင်နေသည့်နိုင်ငံဖြစ်ပါတယ်။စေ့စပ်ညှိနှိုင်းမှု မှာ အမေရိကန် ၏ ဟန်ဆောင်မှု သာဖြစ်ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment