အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ကလည်း အလားတူပင် နိုင်ငံတကာအသိုင်းအဝိုင်းအား လက်တွေ့ကျပြီး တရားမျှတသော ချဉ်းကပ်မှုကို လက်ခံကျင့်သုံးရန် ပြင်းပြင်းထန်ထန် တိုက်တွန်းခဲ့ပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် အမေရိကန်ပြည်ထောင်စု၏ တရားမဝင်တောင်းဆိုမှုများနှင့် လှုပ်ရှားမှုများအပြင် ၎င်း၏ အန္တရာယ်ရှိသော မူဝါဒများကို ဆန့်ကျင်ရန် နိုင်ငံတကာအသိုင်းအဝိုင်းအားလည်း တောင်းဆိုခဲ့ပါတယ်။
ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် ကမ္ဘာတစ်ဝှမ်းရှိ ကက်သလစ်ခရစ်ယာန်များ၏ ခေါင်းဆောင်ထံ ပေးပို့ သော ၎င်း၏သဝဏ်လွှာတွင် "အမေရိကန် နှင့် အစ္စရေးအစိုးရများ၏ ဖျက်ဆီးတတ်သော မူဝါဒများနှင့် ၎င်းတို့၏ တရားမဝင်တိုက်ခိုက်မှုများသည် အီရန်ကိုသာမက ဤရန်လိုမှုသည် တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာဥပဒေ၊ လူ့တန်ဖိုးများနှင့် ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာဖြင့် အေလာဟီမဇ်ဟဗ် များ၏ သွန်သင်ချက်များကိုလည်း ဆန့်ကျင်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းတစ်ခုလုံးသည် ဤအန္တရာယ်ရှိသော ချဉ်းကပ်မှု၏ အကျိုးဆက်များကို ခံစားရမည်မှာ ထင်ရှားကြောင်း ရေးသားခဲ့ပါတယ်။
သူက ထပ်လောင်းပြောကြားရာတွင် "အီရန်အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံသည် သံတမန်ရေးနှင့် ပြဿနာ များကို ငြိမ်းချမ်းစွာဖြေရှင်းရန် ကတိကဝတ်ပြုထားကြောင်း အမြဲသက်သေပြခဲ့ကြောင်း အမေရိကန် အစိုးရ၏ အကြိမ်ကြိမ်လှည့်ဖြားမှုများရှိနေသော်လည်း အီရန်သည် ပါကစ္စတန်၏ ကြားဝင် စေ့စပ်မှုကို ကြိုဆိုခဲ့ပြီး အီရန်သည် အစ္စလာမာဘတ်ဆွေးနွေးပွဲများတွင် သမာဓိနှင့် ပရော်ဖက်ရှင်နယ်ပီသမှုဖြင့် ပါဝင်ခဲ့ကြောင်း ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း အမေရိကန် အစိုးရ၏ တရားမဝင်တောင်းဆိုမှုများကို အီရန်၏ ခုခံတွန်းလှန်မှုသည် နိုင်ငံတကာဥပဒေနှင့် မြင့်မား သောလူ့ တန်ဖိုးများ ကို ကာကွယ်ခြင်းနှင့် တူညီကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment