၁၇ မေ ၂၀၂၆ - ၁၅:၃၄
ညှိနှိုင်း ဆွေးနွေးပွဲများတွင် အီရန် နှင့်  အမေရိကန်တို့ ၏ အပြန်အလှန် တောင်းဆိုချက်များ အသေးစိတ်

Fars သတင်းထောက်တစ်ဦးက အီရန်နှင့်ညှိနှိုင်း ဆွေးနွေးပွဲများ ပြန်လည်စတင်ပါက အမေရိကန်၏ တောင်းဆို ချက်များ အသေးစိတ်ကို သတင်းပို့ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Fars သတင်းဌာန၏ နိုင်ငံရေးသတင်းထောက်တစ်ဦး၏ အဆိုအရ Fars သတင်းထောက်သည် အီရန်၏ အဆိုပြုချက်များအပေါ် အမေရိကန်၏ တုံ့ပြန်မှုမှ ကြားသိရသည့်အပေါ် အခြေခံ၍ ဝါရှင်တန်၏ အဓိက အခြေအနေငါးချက်ကို အောက်ပါအတိုင်း ကြေညာခဲ့သည်။

၁။ အမေရိကန်မှ လျော်ကြေး သို့မဟုတ် ပျက်စီးဆုံးရှုံးမှုများကို ပေးချေခြင်း မပြုရ။

၂။ အီရန်မှ ယူရေနီယမ် ၄၀၀ ကီလိုဂရမ်ကို ရုပ်သိမ်းပြီး အမေရိကန်သို့ ပို့ဆောင်ပေးခြင်း။

၃။ အီရန်နျူကလီးယား စက်ရုံ တစ်စုံသာ ဆက်လက်လည်ပတ်နေရမည်။

၄။  အီရန်ရဲ့ ပိတ်ဆို့ထားတဲ့ ပိုက်ဆံတွေထဲက ၂၅% ပြန်ပေးရန်။

၅။ ညှိနှိုင်းဆွေးနွေးပွဲများအပေါ် မူတည်၍ နေရာအားလုံးတွင် စစ်ပွဲရပ်တန့်ရန်။

ဤအခြေအနေများကို အီရန်က ဖြည့်ဆည်းပေးခဲ့ရင် လည်း အမေရိကန်နှင့် ဇီယွန်ဝါဒီများ၏ ရန်လိုမှု ခြိမ်းခြောက် မှုများ ဆက်လက်တည်ရှိနေမည်ဟု အစီရင်ခံစာတွင် အလေးပေးဖော်ပြထားပါတယ်။

ကျွမ်းကျင်သူများက အမေရိကန်၏ အဆိုပြုချက်သည် ပြဿနာကို ဖြေရှင်းမည့်အစား စစ်ပွဲအတွင်း မိမိတို့ မအောင်မြင်ခဲ့သော ရည်မှန်းချက်များကို အောင်မြင်ရန် ရည်ရွယ်သည်ဟု ယုံကြည်ကြပါတယ်။

ဆန့်ကျင်ဘက်အနေနဲ့ အီရန်က ယုံကြည်မှုတည်ဆောက်ရေးဆိုင်ရာ ကြိုတင်အခြေအနေငါးခုကို ဖြည့်ဆည်းပေး မယ့် ညှိနှိုင်းမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီအခြေအနေတွေကတော့ -

၁။ အထူးသဖြင့် လက်ဘနွန်နိုင်ငံအပေါ် စစ်မျက်နှာအားလုံးမှာ စစ်ပွဲအဆုံးသတ်ရန်။

၂။ အီရန်ဆန့်ကျင်ရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းရန် ။ 

၃။ အီရန်ရဲ့ ပိတ်ဆို့ထားတဲ့ ရန်ပုံငွေတွေကို လွှတ်ပေးရန်။

၄။ စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးဆုံးရှုံးမှုတွေအတွက် လျော်ကြေးပေးရန်။

၅။ ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်ရဲ့ အချုပ်အခြာအာဏာကို လက်ခံခြင်း။

 တို့ ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha