၁၉ မေ ၂၀၂၆ - ၁၁:၀၅
ဆော်ဒီအာရေဗျမှ သင်ခန်းစာပေး တကယ့်ဖြစ်ရပ်

အခုဖော်ပြမည့်သတင်းသည် ထိုင်းနိုင်ငံသား အီဘရာဟင် အာဝါအီ ကိုယ်တိုင်တင်ပြထားသည့် ဖြစ်ရပ်မှန်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဟဂ်ျကုမ္ပဏီပိုင်ရှင်တစ်ဦး၏ ဖော်ပြချက်အရ  ထိုင်းနိုင်ငံသား အမျိုးသားသုံးဦးသည် မဒီနာမြို့မှ မက္ကဟ်မြို့သို့ ဆော်ဒီရထားဖြင့် ခရီးသွားနေစဉ် ပါလက်စတိုင်းပဝါများကို သင်္ကေတအဖြစ် ဝတ်ဆင်ထားခဲ့ကြပါတယ်။

ထို့နောက် ဆော်ဒီရဲတပ်ဖွဲ့ဝင်များက ၎င်းတို့အား စစ်ဆေးမေးမြန်းခဲ့ပြီး နောက်ဆုံးတွင် အမျိုးသားသုံးဦးစလုံးကို ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သတင်းများအရ ၎င်းတို့အား “နိုင်ငံရေးသင်္ကေတ ဝတ်ဆင်မှု” ဖြင့် တရားစွဲဆိုထားကြောင်း ဖော်ပြထားပါတယ်။

သတင်းပေးတင်ပြသူ - အီဘရာဟင် အာဝါအီ

သတိပြုနိုင်ရန် - ဟဂ်ျနှင့် အုမ်ရဟ် ခရီးသွားမည့်သူများအနေဖြင့်  အမေရိကန် နှင့် အစ္စရေး ကို ကြောက်ရွံ့ နေရသည့် ဆော်ဒီ အစိုးရဖြစ်၍ ဆော်ဒီ အစိုးရ ၏ ဒေသဆိုင်ရာ စည်းကမ်းများနှင့် ဥပဒေများကို သတိပြု လိုက်နာကြရန် လိုအပ်ကြောင်း သတိပေးအပ်ပါသည်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha