အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အေလာန်မွန်ဒ်ဒီးန် ဖီး ဆေဖာသိုလ်မိုအ်မေနီ ကျမ်း မှ ရီဝါယသ်တော် လာရှိမှု ကို တင်ပြလိုက်ခြင်း ဖြစ်ပါတယ်။ ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။
قال رسول اللہ صلی اللہ علیه وآله وسلم :
مَنْ غَشَّ الْمُسْلِمِینَ فِی بَیْعٍ أَوْ شِرَاءٍ فَلَیْسَ مِنَّا، وَیُحْشَرُ یَوْمَ الْقِیَامَةِ مَعَ الْیَهُودِ، لِأَنَّهُمْ أَغَشُّ النَّاسِ لِلْمُسْلِمِینَ۔
မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။
« အကြင်မည်သူမဆို မွတ်စလင်မ် များနှင့် ရောင်းချခြင်း သို့မဟုတ် ဝယ်ယူခြင်း ပြုသည့်အခါ ခယာနသ် ယုံကြည်မှု ကိုဖောက်ဖျက်ခြင်း၊ သစ္စာဖောက်ခြင်း) ပြုလုပ် ပါက ၎င်းသည် ကျွန်ုပ်တို့ မှ မဟုတ်ချေ။ ကေယာ မသ်နေ့ (ရှင်ပြန်ထမြောက်ခြင်းနေ့) တွင် ဂျူး(ရဟူဒီ ) များနှင့်အတူ ရှိနေပါလိမ့်မည်။ အကြောင်းမှာ သူတို့သည် မွတ်စလင်မ်များ အပေါ် ခယာနသ် အများစု ပြုလုပ်ခဲ့သူများဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ »
ကျမ်းကိုး ။ ။ ဝစာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၂ ၊ စာမျက်နှာ ၅၆၅
သတိပြုရန် - အထက်ပါ ဟဒီးစ်တော် ကို ကြည့်ပြီး မွတ်စလင်မ်များ နှင့် အရောင်းအဝယ် လုပ်ခြင်း ကိစ္စသည် အလွန်အရေးကြီးသော သတိပေးကြောင်း သိနိုင်ပါတယ်။ အရောင်းအဝယ်ပြုလုပ်ရာတွင် ရိုးသားမှု၊ ပွင့်လင်း မြင်သာမှုရှိရန် လိုအပ်ပြီး မည်သည့်အခါမျှ ယုံကြည်မှု ကိုဖောက်ဖျက်ခြင်း၊ သစ္စာဖောက် ခြင်း ကို မပြုလုပ်ရန် တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။ လောကီအမြတ်အတွက် လောကုတ္တရာ အကျိုးဆက်ကို မေ့လျော့ခြင်းမပြုရန် သတိပေးထားခြင်း ဖြစ်ပါတယ်။
****************************************************************
END / 251
Your Comment