၁ ဇွန် ၂၀၂၆ - ၁၆:၅၀
အီရတ်နိုင်ငံရှိ ပြည်သူ့လှုပ်ရှားမှုတပ်ဖွဲ့များ၏ အဓိကစစ်ဆင်ရေး ၊ အဓိက ISIS တပ်မှူးတစ်ဦးကို ဖမ်းဆီး

ဟရှ်ဒိုရှ်ရှအ်ဘီ(ခ)အီရတ်ပြည်သူ့လှုပ်ရှားမှုတပ်ဖွဲ့များသည် နီနီဗာပြည်နယ်ရှိ သဲကန္တာရတွင် အောင်မြင်စွာ ထောက်လှမ်းရေး စစ်ဆင်ရေး တစ်ခုအတွင်း အလိုရှိနေသော ISIS အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးခဲ့ ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ သတင်းတစ်ပုဒ်အရ ဟရှ်ဒိုရှ်ရှအ်ဘီ(ခ) ပြည်သူ့လှုပ်ရှားမှုတပ်ဖွဲ့များသည် နီနီဗာသဲကန္တာရ ၏ ဝင်ပေါက်တစ်ခုတွင် အောင်မြင်စွာ စစ်ဆင်ရေးတစ်ခုအတွင်း အကြမ်းဖက်အဖွဲ့အစည်း ISIS ၏ အလိုရှိနေသော အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း တရားဝင်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ယုံကြည်စိတ်ချရသော ထောက်လှမ်းရေးနှင့် တိကျသော သတင်းအချက်အလက်များအပေါ် အခြေခံ၍ ပြည်သူ့ လှုပ်ရှားမှု တပ်ဖွဲ့များ၏ ၃၀ တပ်မဟာ၏ ထောက်လှမ်းရေးဌာနမှ အဖွဲ့တစ်ဖွဲ့သည် နီနီဗာသဲကန္တာရ၏ ဝင်ပေါက် တစ်ခုမှ ISIS အကြမ်းဖက်သမားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

ကြေညာချက်အရ ဖမ်းဆီးခံရသူကို အီရတ်၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၄ အရ တရား စီရင်ရေး အဖွဲ့အစည်းများက အလိုရှိနေပါတယ်။

အစောပိုင်းစုံစမ်းစစ်ဆေးမှု နှင့် အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ ပြီးဆုံးပြီးနောက် တရားဥပဒေဆိုင်ရာ လိုအပ်ချက်များနှင့် တရားစီရင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် သံသယရှိသူကို သက်ဆိုင်ရာ အာဏာပိုင်များ ထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha