အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နာစေရ် မကာရေမို ရှီးရာဇီး ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် အောက်ပါအတိုင်း ဖြစ်ပါတယ်။
အလွန်ကရုဏာကြီးမားတော်မူသော၊ အလွန်ကရုဏာတော်ရှင်ဖြစ်သော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏။
ကျွန်ုပ်သည် အလွန်ဝမ်းနည်းကြေကွဲစွာဖြင့် မြင့်မြတ်သော ပညာရှင်နှင့် အလွန်လေးစားအပ်ပါသော ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဟာဂျ် ရှိက်ခ် အစ်ဟာက် ဖယာဆ် နဂျဖီ) ကွယ်လွန်သွားကြောင်း သတင်းကို ကြားသိခဲ့ရပါသည်။
နဂျာဖ် မှာ မရ်ဟွန်မ် ရှိနေခဲ့သည့် နှစ်များ ၊ ကျောင်းသားများ ကို မရေမတွက်နိုင်အောင် လေ့ကျင့်ပေးခြင်း၊ စာအုပ်များ ရေးသားသီးကုံးပေးခြင်း ၊ ဤဟောင်ဇေအေလ်မီယေ ၏ ပညာရေးကွင်းဆက်ကို ကြီးကြပ်ပေးခြင်း၊ မိုအ်မင်များ နှင့် သက္က်လီးဒ် ယူထားသူ များ၏ လမ်းညွှန်မှုများဟာ ဤ ထင်ရှားသည့် မရ်ဂျအ်တော်၏ တည်ရှိမှု၏ ကောင်းချီးများ၏ အစိတ်အပိုင်း တစ်ခုသာဖြစ်ပြီး ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ချေ။ မရ်ဟွန်မ် ၏ ဖြောင့်မတ်သည့် အမွေ အနှစ်ဟာ ဆက်လက် တည်ရှိနေမှာဖြစ်ပါသည်။ အင်န်ရှာအလ္လာဟ်
ဟောင်ဇေအေလ်မီယေနဂျဖ် ၊ အာဖဂန်နစ္စတန်နှင့် အီရတ် ရှိ မိုအ်မင်များ ၊ ဤမရ်ဟွန်မ် မရ်ဂျအ် ၏ သက္က်လီးဒ် ယူထားသူများ အထူးသဖြင့် မရ်ဟွန်မ် ၏ ဂုဏ်သိက္ခာရှိသည့် မိသားစုအတွက် ဤအဖိုးတန်ဆုံးရှုံးမှုအတွက် ဝမ်းနည်းကြောင်း ပြောကြားလိုပါသည်။ အလ္လာဟ်ဟို အရှင်မြတ် သခင်က မရ်ဟွန်မ် ကို မြင့်မားတဲ့ အဆင့်အတန်းများ ချီးမြှင့် ပေးသနားပြီး အရှင်၏ သူတော်စင်အချစ်တော်များအတူ စုဝေးနိုင်အောင်၊ မရ်ဟွန်မ်၏ မိသားစုကို စိတ်ရှည်ရှည်နဲ့ ကြီးမားတဲ့ ဆုလာဘ်တွေ ပေးသနားဖို့ ဆုတောင်းလိုက်ပါသည်။
ငြိမ်းချမ်းမှု ရှိပါစေ၊ အလ္လာဟ်ဟို အရှင်မြတ် သခင်၏ ကရုဏာတော် နှင့် ကောင်းချီးများ သင့်အပေါ် ကျရောက် ပါစေ။
ကွမ်း - နာစေရ် မကာရေမို ရှီးရာဇီး
ဇွန်လ ၆ ရက်နေ့ ၊ ၂၀၂၆ခုနှစ်
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment