၁၄ ဇွန် ၂၀၂၆ - ၂၃:၀၁
ဘာရိန်းနိုင်ငံ၏ ၁၄၄၈ ဟစ်ဂျရီနှစ် မုဟရမ်လအတွက် ဆောင်ပုဒ်« လာ မအ်ဘူးဒ် စီဝါက်  »/မဟာဗျူ ဟာ မြောက် သည်းခံမှုနှင့် ဘာသာရေးအမှတ်သညာ ထိန်းသိမ်းရေးကိုအလေးပေး

ဘာရိန်းနိုင်ငံရှိ ဘာသာရေးပညာရှင်များက ၁၄၄၈ ဟစ်ဂျရီနှစ် မုဟရမ်လအတွက် « လာ မအ်ဘူးဒ် စီဝါက် » (အရှင်မှ တစ်ပါး အခြားကိုးကွယ်ထိုက်သူ အရှင် မရှိ) ဟူသော ဆောင်ပုဒ်ကို ရွေးချယ်ခဲ့ကြပြီး၊ မဟာ ဗျူဟာ မြောက် သည်းခံမှု၊ ဖိအားများအပေါ် တည်ကြည်ခိုင်မာစွာ ရင်ဆိုင်နိုင်မှုနှင့် ဘာသာရေးအမှတ်သညာ၊ ဓလေ့ထုံး တမ်းများကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို အားပေးမြှင့်တင်ရန် ရည်ရွယ်ထားကြောင်း သိရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဘာရိန်းနိုင်ငံရှိ ဘာသာရေးပညာရှင်များသည် ၁၄၄၈ ဟစ်ဂျရီနှစ် မုဟရမ်လအတွက် « လာ မအ်ဘူးဒ် စီဝါက်  »  (အရှင်မှတစ်ပါး ကိုးကွယ်ထိုက်သူ မရှိ) ဟူသော ဆောင်ပုဒ်ကို ရွေးချယ်ခဲ့ကြပါတယ်။ ယင်းဆောင်ပုဒ်မှာ ဖိအားများ နှင့် အခက်အခဲများကြားတွင် မဟာဗျူဟာမြောက် သည်းခံနိုင်စွမ်း၊ ကြံ့ခိုင်တည်ကြည်မှုနှင့် ခံနိုင် ရည်ရှိမှု တို့ကို မြှင့်တင်ရန် ရည်ရွယ်ထားပါတယ်။

ယခုနှစ် မုဟရမ်ကာလသည် ရှီအာမွတ်စလင်များ၏ ဘာသာရေးအခမ်းအနားများအပေါ် ကန့်သတ်ချက်များနှင့် ဖိအားများ ရှိနေသည့် အခြေအနေအောက်တွင် ကျင်းပရမည်ဖြစ်ပါတယ်။ ထို့အပြင် အာရှူရာ အောက်မေ့ဖွယ် အခမ်းအနားများကို အေမာမ်ဘာရာ များ အတွင်း၌သာ ကျင်းပစေရန် ကြိုးပမ်းမှုများလည်း ရှိနေကြောင်း သိရပါတယ်။

ထို့ကြောင့် ယခုနှစ် အာရှူရာကာလသည် ရှီအာများ၏ ဘာသာရေးအမှတ်သညာနှင့် ဓလေ့ထုံးတမ်းများအပေါ် ၎င်းတို့၏ သစ္စာရှိမှုနှင့် ခိုင်မာမှုကို စမ်းသပ်မည့် အရေးကြီးသော ကာလတစ်ရပ် ဖြစ်လာမည်ဟု ဆိုပါတယ်။

ဘာသာရေးပညာရှင်များက « လာ မအ်ဘူးဒ် စီဝါက်  »  ဟူသော ဆောင်ပုဒ်သည် တစ်ဆူတည်းသော အရှင်ကို ယုံကြည်ကိုးကွယ်ခြင်း (တော်ဟိဒ်)၊ အရှင်တော်မှတစ်ပါး အခြားမည်သူ့ကိုမျှ ကျွန်ခံမကိုးကွယ်ခြင်း၊ သတိရှိရှိ သည်းခံမှုနှင့် အမှန်တရားလမ်းစဉ်၌ တည်ကြည်စွာ ရပ်တည်ခြင်းတို့ကို အခြေခံထားကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။ ၎င်းတို့၏ အမြင်အရ မုဟရမ်နှင့် အာရှူရာသည် ဝမ်းနည်းပူဆွေးခြင်းအတွက်သာ မဟုတ်ဘဲ အသိပညာ၊ ဂုဏ်သိက္ခာနှင့် ဖိနှိပ်မှုကို ဆန့်ကျင်ရပ်တည်သည့် သင်ခန်းစာကျောင်းတစ်ခုလည်း ဖြစ် ပါတယ်။

အစီရင်ခံစာအရ ၁၄၄၈ ဟစ်ဂျရီနှစ် မုဟရမ်ကာလသည် ဘာရိန်းရှိ ရှီအာမွတ်စလင်များအတွက် အရေးပါသည့် အချိုးအကွေ့ကာလတစ်ခု ဖြစ်လာမည်ဖြစ်ပြီး၊ ဖိအားများကြားတွင် ၎င်းတို့၏ ဘာသာရေးအမှတ်သညာနှင့် အေမာမ်ဟိုစိုင်းန် (အ.စ) ၏ ဓလေ့အစဉ်အလာများကို မည်မျှ ထိန်းသိမ်းကာကွယ်နိုင်မည်ကို ဖော်ပြပေးမည့် ကာလတစ်ရပ် ဖြစ်လာမည်ဟု ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha