အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRIBသတင်းအေဂျင်စီ၏ အဆိုအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတရုံးမှ ပြည်သူ့ဆက်ဆံရေးညွှန်ကြားရေးမှူး ဟဘီဘွလ္လာဟ် အဘာစ်စီ က အီရန် သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း သည် မနက်ဖြန် ပါကစ္စတန် သို့ ထွက်ခွာမည်ဟု ကြေညာခဲ့ပါတယ်။
အီရန် နှင့် အမေရိကန်ပြည်ထောင်စုအကြား ကြားဝင်စေ့စပ်ပေးမှုအတွက် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် အား ကျေးဇူးတင်ကြောင်း၊ နှစ်နိုင်ငံအရာရှိများအကြား အမြင့်ဆုံးအဆင့်တွင် တိုင်ပင်ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်ခြင်း ၊ နှစ်နိုင်ငံ အကြား ပူးပေါင်းဆောင်ရွက်မှုနှင့် တိုင်ပင်ဆွေးနွေးမှုများကို ဆက်လက် လုပ် ဆောင်ခြင်း နှင့် ယခင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပြန်လည်သုံးသပ်ခြင်းနှင့် နောက်ဆက်တွဲ လုပ်ဆောင်ခြင်းတို့သည် ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ပါကစ္စတန်ခရီးစဉ်၏ အရေးကြီး ဆုံးအစီ အစဉ်များထဲမှ တစ်ခုဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment