အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
sistani.org ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ဟဇရသ် အာယာ သွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ မှ မဂျ်လစ်များ နှင့် ဂျူလူးစ် (စီတန်းလှည့်လည်အလံထွက်ပွဲများ) အတွင်း နမာဇ်ဝတ်ပြုချိန် ရောက်ရှိလာ ပါက ဘာလုပ်ရမည်နည်း? ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။
ရှရီအီဆိုင်ရာ ဥပဒေများ ကို စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါ တယ်။ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီ စစ်သာနီ ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါ အတိုင်းဖြစ်တယ်။
မေးခွန်း
အေမာမ် ဟိုစိုင်းန် (အ.စ) အတွက် ကျင်းပသော မဂျ်လစ်များ နှင့် ဂျူလူးစ် ( စီတန်း လှည့်လည်အလံ ထွက် ပွဲများ) အတွင်း (ဥပမာ- ဇိုဟိုရ်) နမာဇ်အချိန် ကျရောက်လာပါက ထို (ဘာသာရေး) အစီအစဥ်များ ကို ရပ်တန့်လိုက်ရန် ဝါဂျစ်ဗ် ဖြစ်ပါသလား? သို့မဟုတ် အစီအစဥ် များ ကို ဆက်လက်လုပ်ဆောင်သင့်ပါ သလား?လုပ်ရပ် နှစ်ခု မှ အကောင်းဆုံး လုပ်ရပ်မှာ အဘယ်နည်း?
အဖြေ
နမာဇ်ကို ၎င်း၏အချိန်စတင်သည်နှင့် အစောဆုံး (အောင်ဝလ်ဝက်သ်) တွင် ဝတ်ပြုခြင်းက အကောင်းဆုံး (အဖ်ဇလ်) ဖြစ်ပါသည်။ အလွန်အရေးကြီးပြီး လိုအပ်ချက်တစ်ခုမှာ မဂျ်လစ် များနှင့် စီတန်း လှည့်လည်အလံထွက် ပွဲများကို နမာဇ် အချိန်နှင့် ထိပ်တိုက်မတိုးစေရန် (အနှောင့်အယှက်မဖြစ်စေရန်) စနစ်တကျ စီစဉ်ဆောင်ရွက်ရန် ဖြစ်ပါသည်။
ရှင်းလင်းချက် အကျည်း - အစ္စလာမ်သာသနာတွင် နမာဇ်အချိန် (ဝတ်ပြုချိန်) နှင့် သာသနာရေးဆိုင်ရာ လူထုအခမ်းအနားများ ထပ်နေသည့်အခါ မည်သို့လုပ်ဆောင်သင့်သည်ကို ရှင်းလင်းထားခြင်း ဖြစ်ပါတယ်။ အဓိက အချက်များမှာ - နမာဇ်၏ အရေးပါမှု: အစ္စလာမ်သာသနာတွင် နမာဇ်သည် မဖြစ်မနေ ဝတ်ပြုရမည့် အဓိကတာဝန် ဖြစ်ပါတယ်။ နမာဇ်ကို ၎င်း၏အချိန်စတင်သည်နှင့် (အစောဆုံးအချိန်တွင်) ဝတ်ပြုခြင်းက အကောင်းဆုံး (အဖ်ဇလ်) ဖြစ်သည်ဟု ဆိုထားပါတယ်။ စီမံခန့်ခွဲမှု တာဝန်ရှိခြင်း: အရေးကြီးဆုံး အချက်မှာ မဂျ်လစ်များ သို့မဟုတ် စီတန်းလှည့်လည် အလံ ထွက် ပွဲများကို စီစဉ်သူများသည် နမာဇ်အချိန်နှင့် ထိပ်တိုက် မတိုးစေရန် ကြိုတင်၍ စနစ်တကျ စီစဉ်ပေးရမည် ဖြစ်ပါတယ်။ မျှတမှု: ဘာသာရေး အစီအစဥ် များလုပ်ဆောင် ခြင်းသည် ကောင်းမွန်သော်လည်း၊ နမာဇ်အချိန်ကို လျစ်လျူရှု၍ ဘာသာရေး အစီအစဥ်များ ကိုသာ ဦးစားပေး ခြင်း မျိုး မဖြစ်စေရပါ။ ထို့ကြောင့် အခမ်းအနားများကို နမာဇ်အချိန်နှင့် မတိုက်ဆိုင်စေဘဲ အချိန်ဇယားဆွဲခြင်းဖြင့် နှစ်ဖက်စလုံးကို အောင်မြင်စွာ ဆောင်ရွက်ရန် တိုက်တွန်းထားခြင်း ဖြစ်ပါတယ်။
အနှစ်ချုပ်ရလျှင် - ဘာသာရေး ဆိုင်ရာ အစီအစဥ် တစ်ခုကြောင့် နမာဇ်ကို အချိန်လွန်အောင် ထားခြင်းမျိုးကို ခွင့်မပြုပါ။ ထို့ကြောင့် ဘာသာရေး ဆိုင်ရာ အစီအစဥ် များ ကို စီစဥ် သူများသည် နမာဇ်အချိန်ကို ထည့်သွင်း စဉ်းစား ပြီး အစီအစဉ်ဆွဲရန် တာဝန်ရှိသည်ဟု ဆိုလိုခြင်း ဖြစ်ပါတယ်။
ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။
****************************************************************
END / 251
Your Comment