၂၉ ဇွန် ၂၀၂၆ - ၁၁:၂၆
အိန္ဒိယနိုင်ငံမှ ထင်ရှားသော အစ္စလာမ်ဘာသာရေးပညာရှင် အဲဟ်လေ့ဘိုက်(သ)(အ.စ)ကိုချစ်သူ မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ ကွယ်လွန်

အိန္ဒိယနိုင်ငံ၏ ထင်ရှားသော အစ္စလာမ်ဘာသာရေးပညာရှင်နှင့် ပညာရေးဝန်ဆောင်မှုပေးသူ မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ သည် ကွယ်လွန်သွား ခဲ့ကြောင်း မိသားစု နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက အသိပေးထုတ်ပြန်ခဲ့ပါတယ်။ ၎င်း၏ ဈာပနဆုတောင်း (နမာဇ်ဇေဂျနဇဟ်) နှင့် သင်္ဂြိုဟ်ခြင်းကို အဆ်ရ် နမာဇ်အပြီး တွင် အိန္ဒိယနိုင်ငံ မာလီဟာဘတ်မြို့ရှိ ဂျာမီယာ ဆယ့်ယစ်ဒ် အဟ်မဒ် ရှဟီးဒ် ကန်သိုလီတွင် ကျင်းပမည်ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ သည် အဲဟ်လေ့ဘိုက်(သ)အပေါ် ချစ်မြတ်နိုးလေးစားမှုကို အလေးထားဟောပြောခဲ့သည့် စွန်နီ အစ္စလာမ်ဘာသာရေးပညာရှင် (အာလင်မ်) တစ်ဦးဖြစ်ပါတယ်။

၎င်းသည် ရှီအဟ်များကို မွတ်စလင်အသိုင်းအဝိုင်း၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် ရှုမြင်ကာ အပြန် အလှန် နားလည် မှုနှင့် ညီညွတ်ရေးကို အားပေးခဲ့သူဖြစ်ပြီး၊ မတူညီသော အစ္စလာမ် ဘာသာရေး ကျောင်းဂိုဏ်းများ အကြား ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန်လေးစားမှုကို မြှင့်တင်ရန် ကြိုးပမ်းခဲ့သည့် အာလင်မ် တစ်ဦး လည်း ဖြစ်ပါတယ်။

ထုတ်ပြန်ချက်အရ မောင်လာနာ ဆယက်ဒ် စလ်မာန် ဟိုစိုင်းန်နီ နဒ်ဝီ  သည် ဘာသာရေးပညာ၊ အစ္စလာမ်သာသနာ ပြန့်ပွားရေးနှင့် လူမှုဝန်ဆောင်မှုလုပ်ငန်းများတွင် နှစ်ပေါင်းများစွာ အကျိုးပြုဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

၎င်းသည် ဘာသာရေးပညာရေးဖွံ့ဖြိုးတိုးတက်ရေး၊ ကျောင်းသားများကို ပြုစုပျိုးထောင်ပေးရေးနှင့် လူမှု အသိုင်းအဝိုင်း အကျိုးပြုလုပ်ငန်းများတွင် ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

မောင်လာနာ ၏ ကွယ်လွန်မှုသည် မိသားစုဝင်များ၊ တပည့်များနှင့် အစ္စလာမ်ဘာသာရေးအသိုင်းအဝိုင်းအတွက် ကြီးမား သော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ အလ္လာဟ်အရှင်မြတ်ထံမှ ကရုဏာ တော်နှင့် ခွင့်လွှတ်ခြင်း ရရှိကာ ဂုဏ်မြင့်မားသော နေရာတစ်ခုကို ရရှိစေရန် ဆုတောင်းထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha