အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန် အထက်လွှတ်တော်အမတ် လင်ဒ်ဆေး ဂရေဟမ် (Lindsey Graham) သည် ၂၀၂၆ ခုနှစ် ဇူလိုင်လ ၁၁ ရက်တွင် အသက် ၇၁ နှစ်အရွယ်ဖြင့် သေဆုံးသွားကြောင်း ၎င်း၏ရုံးက တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ထုတ်ပြန်ချက်အရ ဂရေဟမ်သည် ရုတ်တရက်ဖြစ်ပွားသော နာမကျန်းမှုတစ်ရပ်ကြောင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်းအသေးစိတ်ကို လက်ရှိအချိန်အထိ ထုတ်ဖော်ကြေညာထားခြင်း မရှိကြောင်း သိရပါ တယ်။
ဂရေဟမ်သည် South Carolina ပြည်နယ်ကို ကိုယ်စားပြုသော ရီပတ်ဘလီကန်ပါတီဝင် အထက်လွှတ်တော်အမတ်ဖြစ်ပြီး ၂၀၀၃ ခုနှစ်မှစ၍ အမေရိကန် အထက်လွှတ်တော်တွင် တာဝန်ထမ်း ဆောင်ခဲ့သူဖြစ်ပါတယ်။ ထို့အပြင် ယခင်က အောက်လွှတ်တော်အမတ်နှင့် အမေရိကန် လေတပ် ဥပဒေ အရာရှိအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။
နိုင်ငံခြားရေးနှင့် လုံခြုံရေးမူဝါဒများတွင် ထင်ရှားသော ဂရေဟမ်သည် အစ္စရေး၏ လုံခြုံရေးကို အပြည့်အဝ ထောက်ခံသည့် အစွန်းရောက် နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ဒေသတွင်း လက်နက်ကိုင်အဖွဲ့များအပေါ် တင်းကျပ်သော အရေးယူဆောင်ရွက်မှုများ ပြုလုပ်သင့်ကြောင်း မကြာခဏ တောင်းဆိုခဲ့သူဖြစ်ပါတယ်။
အီရန်၊အစ္စရေး တင်းမာမှုများ မြင့်တက်နေသည့် ကာလများတွင်လည်း ဂရေဟမ်သည် အစ္စရေး၏ စစ်ရေးဆောင်ရွက်မှုများကို ထောက်ခံခဲ့ပြီး၊ အီရန်အပေါ် ပိုမိုပြင်းထန်သော ဖိအားပေးမူဝါဒများ ချမှတ်ရန် အမေရိကန်အစိုးရအား တိုက်တွန်းခဲ့သူများအနက် တစ်ဦးဖြစ်ပါတယ်။
ဂရေဟမ် ကွယ်လွန်သွားခြင်းကြောင့် အမေရိကန် လွှတ်တော်နှင့် ရီပတ်ဘလီကန်ပါတီအတွင်း အတွေ့ အကြုံရှိသော နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အသံတစ်ခု ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ် လျက်ရှိပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment