အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန် အစ္စလာမ်မစ်တော်လှန်ရေး အစောင့်တပ် (IRGC) ၏ ပြည်သူ့ဆက်ဆံရေးဌာနက ဂျော်ဒန်ပြည်သူများထံ ထုတ်ပြန်သည့် ကြေညာချက်တွင် အစ္စလာမ်၏ စစ်သည်တော်များသည် « နဆ်ရ် ၂ စစ်ဆင်ရေး » ၏ တတိယလှိုင်းတွင် «ယာလစာရာသေလ်ဟိုစိုင်းန်» ဟူသော မြင့်မြတ်သည့် သင်္ကေတစကားလုံးဖြင့် စတင်ကာ သင့်နိုင်ငံအတွင်းရှိ ကလေးများကို သတ်ဖြတ်ခဲ့သော အမေရိကန်တပ်ဖွဲ့က သိမ်းပိုက်ထားသည့် လေတပ် အခြေစိုက်စခန်း၏ အရေးကြီးအဆောက်အအုံများကို ဘဲလစ်စတစ်ဒုံးကျည်များဖြင့် ပစ်မှတ်ထား တိုက်ခိုက် ခဲ့ပြီး ရာဇဝတ်မှုကျူးလွန်သော အမေရိကန်စစ်သားများကို ၎င်းတို့၏ လုပ်ရပ်များအတွက် ပြစ်ဒဏ် ပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
အစောင့်တပ်၏ ကြေညာချက်တွင် “အာဏာကြီးအမေရိကန်အစိုးရသည် ၎င်း၏ ရန်လိုကျူးကျော်မှုများ၏ ပထမ နေ့တွင်ပင် အဆိုပါ အခြေစိုက်စခန်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး မီနာဘ်မြို့တွင် အပြစ်မဲ့ ကျောင်းသား ကလေး ၁၆၈ ဦးနှင့် ၎င်းတို့၏ ဆရာ၊ ဆရာမများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်” ဟု ဖော်ပြထားပါတယ်။
ဂျော်ဒန်ပြည်သူများထံ ရည်ညွှန်းသည့် အဆိုပါ ကြေညာချက်တွင် “ကျွန်ုပ်တို့သည် သင့်နိုင်ငံနှင့် မည်သည့် ရန်ငြိုးရန်စမျှ မရှိကြောင်း သင့်တို့ကို ဂုဏ်သိက္ခာရှိသော ပြည်သူများအဖြစ် သတ်မှတ်ကာ ချစ်ခင် လေးစား ကြောင်း သင့်တို့သည် ပါလက်စတိုင်းပြည်သူများ၏ ဖိနှိပ်ခံနေရမှုနှင့် နာကျင်ဆင်းရဲမှုကို အခြားသော လူမျိုးများ ထက် ပိုမိုနားလည်ကြပြီး အမေရိကန်၏ တိုက်ရိုက်အကူအညီနှင့် ဝင်ရောက်စွက်ဖက်မှုဖြင့် ဂါဇာတွင် ကလေး ၂၀,၀၀၀ အပါအဝင် အပြစ်မဲ့ ပါလက်စတိုင်းပြည်သူ ၇၀,၀၀၀ ကို အစုလိုက်အပြုံလိုက် သတ်ဖြတ် ခဲ့သော ဇီယွန်နစ် အစိုးရ၏ ရာဇဝတ်မှုများကိုလည်း ကောင်းစွာ သိရှိကြပါတယ်။
ဒေသအတွင်းမှ အမေရိကန် ကျူးကျော် တပ်ဖွဲ့များ၏ စစ်အခြေစိုက်စခန်းများ ဖယ်ရှားရေးအတွက် သင့်တို့၏ တောင်းဆိုချက်သည် ပါလက်စတိုင်းပြည်သူများကို ကယ်တင်ရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေး ပြန်လည် ထူထောင် ရေး အတွက် အလွန်ကြီးမားသော အထောက်အကူဖြစ်သည်။ ဂျော်ဒန်နိုင်ငံ၏ တိုးတက်ဂုဏ်သိက္ခာကို ကျွန်ုပ်တို့ ဆုတောင်းမျှော်လင့်ပါသည်” ဟု ဖော်ပြထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment