၂၂ ဇူလိုင် ၂၀၂၆ - ၂၃:၄၈
“ယူအေအီးရှိ ရန်သူ၏ ဒေတာစင်တာကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ” အီရန် လက်နက်ကိုင်တပ်ဖွဲ့ ပြောရေး ဆိုခွင့် ရှိသူကပြောကြား

အီရန် လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ယူအေအီးတွင် တည်ရှိသော အမေရိကန်၊ ဥရောပနှင့် အစ္စရေး တို့၏ ပူးတွဲဒေတာစင်တာကို အပြည့်အဝ ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရအီရန် လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ အဘူလ်ဖဇ်လ် ရှကာချီ က အစ္စလာမ်ရေးရာ ဖြန့်ချိရေးအဖွဲ့အစည်း (Islamic Propagation Organization) ၏ အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားစဉ် ယင်းကဲ့သို့ ပြောဆိုခဲ့ပါတယ်။

၎င်းက အမေရိကန်နှင့် ဥရောပနိုင်ငံများသည် ဇီယွန်ဝါဒီများကို ကူညီရန် ရည်ရွယ်ပြီး ယူအေအီးတွင် ဒေတာ စင်တာ တစ်ခုကို နှစ်ပေါင်း ၂၀ ကျော်ကြာ တည်ဆောက်ထားခဲ့ကြောင်း၊ ထိုဒေတာစင်တာ၏ ရည်ရွယ်ချက်မှာ အနောက်အာရှဒေသသာမက ကမ္ဘာ့ဒေသအများအပြားကိုလည်း ထိန်းချုပ်နိုင်ရန် ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

အီရန် လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက မကြာသေးမီက ဖြစ်ပွားခဲ့သည့် စစ်ပွဲအတွင်း ရန်သူ၏ နှစ်ပေါင်း ၂၀ ကြာ အားထုတ်မှုများ ပျက်စီးသွားခဲ့ပြီး အဆိုပါ ဒေတာစင်တာလည်း ဖျက်ဆီးခံခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် ဒုတိယအကြိမ် အတင်းအကျပ် ချမှတ်ခံရသည့် စစ်ပွဲတွင် ရန်သူက တစ်ပတ်အတွင်း အီရန် အစ္စလာမ်သမ္မတနိုင်ငံ၏ အစိုးရကို ဖြုတ်ချနိုင်မည်ဟု ယုံကြည်ခဲ့ပြီး နောက်တစ်ပတ်တွင် အီရန်နိုင်ငံကို ခွဲခြမ်းနိုင်မည်ဟု ထင်မြင်ခဲ့ကြောင်းလည်း ဆိုပါတယ်။

ဗိုလ်ချုပ် အဘူလ်ဖဇ်လ် ရှကာချီက တတိယအကြိမ် အတင်းအကျပ် ချမှတ်ခံရသည့် စစ်ပွဲအတွင်း “အာဇာနည် ခေါင်းဆောင်” သည် မိမိနှင့် ကျဆုံးခဲ့သည့် တပ်မှူးများ၏ နေရာလစ်လပ်မှုကို ဖြည့်ဆည်းနိုင်ရန် အစီအစဉ်များကို အပြည့်အဝ ချမှတ်ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အမေရိကန်သည် အီရန်ကို တိုက်ခိုက်ရန်အတွက် တတိယကမ္ဘာစစ်အတွက် သီးသန့်ပြင်ဆင်ထားသည့် လက်နက်အားလုံးကို အသုံးပြုခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက အမေရိကန်တွင် ဒေသအတွင်း အရေးပါပြီး မဟာဗျူဟာကျသော အခြေစိုက်စခန်းကြီး ၁၄ ခုနှင့် လက်အောက်ခံ အခြေစိုက်စခန်း ၃ ခု ရှိခဲ့သော်လည်း ယခုအခါ အသုံးမဝင်တော့ဘဲ စုစုပေါင်း အလွန်အရေးကြီးသည့် အခြေစိုက်စခန်း ၁၇ ခုကို ဆုံးရှုံးခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ် အဘူလ်ဖဇ်လ် ရှကာချီက ရန်သူသည် အဆင့်မြင့်ဆုံး ထောက်လှမ်းရေးနည်းပညာများ ရှိနေသော်လည်း အီရန်က ဒုံးကျည်များကို မည်သည့်နေရာတွင် ထုတ်လုပ်နေသည်ကို ရှာဖွေနိုင်ခြင်း မရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

ထို့အပြင် အမေရိကန်ကို အနောက်အာရှဒေသမှ ဖယ်ရှားထုတ်ပစ်ရန်မှာ အီရန် လက်နက်ကိုင်တပ်ဖွဲ့၏ မဟာဗျူဟာတစ်ရပ် ဖြစ်ပြီး၊ ယင်းနှင့်အတူ ဇီယွန်ဝါဒီ အစိုးရလည်း ပျက်သုဉ်းသွားမည် ဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha