၂၃ ဇူလိုင် ၂၀၂၆ - ၁၅:၄၃
အမေရိကန်ပြည်သူများအနေဖြင့် မိမိတို့၏ သားသမီးများကို ထရမ့်၏ နွံအိုင်ထဲမှ ပြန်ထုတ်ကြပါ

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ နိုင်ငံခြားရေးဝန်ကြီးဟောင်းက အမေရိကန်ပြည်သူများအား “လက်ရှိအချိန်တွင် ပင်လယ်ကွေ့ဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများတွင် တပ်စွဲထားသော ထောင်ပေါင်းများစွာသော အမေရိကန်စစ်သားများသည် ကျွန်ုပ်တို့၏ ဒုံးကျည်များ၏ ပစ်ခတ်နိုင်သည့် အကွာအဝေးအတွင်း ရှိနေကြသည်။ ယနေ့ပင် ၎င်းတို့ကို ပြန်ခေါ်ကြပါ။ မဟုတ်ပါက ၎င်းတို့၏ ရုပ်အလောင်းများကိုသာ လက်ခံရမည်ဖြစ်ပြီး၊ ၎င်းတို့အတွက် ဝမ်းနည်းပူဆွေးခွင့်ကိုပင် ရရှိမည်မဟုတ်” ဟု ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ နိုင်ငံခြားရေးဝန်ကြီးဟောင်း မွတ်သကီ က IRNA သတင်း ထောက်နှင့် တွေ့ဆုံမေးမြန်းစဉ် အမေရိကန်ပြည်သူများကို ရည်ညွှန်း၍ “မင်းတို့ရဲ့ ရူးသွပ်တဲ့ သမ္မတ ဒေါ်နယ် ထရမ့်နဲ့ ကျူးကျော်စစ်တပ်က စစ်ပွဲနှစ်ခုကို အတင်းအကျပ် ဖြစ်ပွားစေခဲ့ပြီး၊ အီရန်ပြည်သူ တစ်ထောင်ကျော်နဲ့ အီရန်နိုင်ငံ၏ အမြင့်ဆုံးခေါင်းဆောင်ကြီး ၊ ၎င်း၏ သားသမီးများကို အာဇာနည်အဖြစ် ကျဆုံးစေခဲ့တယ်” ဟု ပြောဆိုခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဟောင်းက ဆက်လက်၍ “လွန်ခဲ့သော ညပေါင်း ၁၄၀ အတွင်း အီရန်ပြည်သူများသည် နိုင်ငံတစ်ဝန်းရှိ လမ်းများနှင့် လမ်းဆုံများတွင် စုဝေးကာ မိမိတို့၏ ဝမ်းနည်းဒေါသကို ဖော်ပြခဲ့ကြပြီး မိမိတို့၏ စစ်ဘက်ခေါင်းဆောင်များအား အမေရိကန်နှင့် ဇီယွန်နစ် အကြမ်းဖက်သမားများထံမှ မိမိတို့၏ အာဇာနည်များ၏ သွေးကြွေးကို လက်စားချေပေးရန် တောင်းဆိုနေကြသည်” ဟု ဆိုပါတယ်။

မွတ်သကီ က အမေရိကန်ပြည်သူများအား “ပင်လယ်ကွေ့ဒေသ၊ ဂျော်ဒန်နှင့် အီရတ်ရှိ မင်းတို့၏ စစ်အခြေစိုက် စခန်းများတွင် ရှိနေသော ထောင်ပေါင်းများစွာသော ကျူးကျော်အမေရိကန်စစ်သားများသည် အီရန် ဒုံးကျည်များ ၏ ပစ်မှတ်အတွင်း ရှိနေကြပြီး အီရန်ပြည်သူများ၏ တောင်းဆိုချက်ကို လက်ခံ၍ ထိုအမေရိကန်စစ်သား တစ်ထောင်ကျော်ကို သတ်ဖြတ်ရန် အမိန့်ထုတ်ပြန်နိုင်သည့် အခြေအနေသည် အချိန်မရွေး ဖြစ်ပေါ်လာနိုင်သည်” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက “မင်းတို့ကို သတိပေးလိုက်သည်မှာ မနက်ဖြန်တွင် မင်းတို့၏ သားများ၏ ရုပ်အလောင်းများကိုသာ လက်ခံရနိုင်ပြီး ထရမ့်၏ အမိန့်အရ ၎င်းတို့ သေဆုံးသွားကြောင်း ကြေညာခြင်းနှင့် ဝမ်းနည်းပူဆွေးခြင်းကိုပင် ခွင့်မပြုနိုင်သဖြင့်ယနေ့ပင် ၎င်းတို့ကို အမေရိကန်သို့ ပြန်ခေါ်ကြပါ” ဟု ပြောဆိုခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha