၂၄ ဇူလိုင် ၂၀၂၆ - ၁၀:၃၅
အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ကျွန်ုပ်တို့၏ ဥပဒေကြောင်းအရ၊ ရှရီအသ် အရ နှင့် ယုတ္တိတန်သော အခွင့်အရေးဖြစ်ကြောင်း  IRGC

အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) က အီရန်သည် ဂျော်ဒန်၏ အချုပ်အခြာအာဏာကို ပစ်မှတ် ထားခြင်းမဟုတ်ဘဲ၊ အီရန်နိုင်ငံကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော အမေရိကန် စစ်အခြေစိုက် စခန်းများ ကိုသာ ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန၏ ဖော်ပြချက်အရ အီရန် အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ် (IRGC) သည် ဂျော်ဒန်ပြည် သူများထံ အရေးပါသော သတင်းစကားတစ်ရပ် ထုတ်ပြန်ခဲ့ပြီး အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်အပေါ် အမေရိကန်၏ ထပ်တလဲလဲ ကျူးကျော်တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် စစ်အခြေစိုက်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် အီရန်၏ ဥပဒေကြောင်းအရ၊ ရှာရီယာအရနှင့် ယုတ္တိတန်သော အခွင့်အရေးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

ထုတ်ပြန်ချက်အရ IRGC သည် လျင်မြန်စွာ ဆောင်ရွက်ခဲ့သည့် တိုက်ခိုက်မှုများအတွင်း အမေရိကန်၏ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်မှ ရေဒါတစ်ခုကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် Patriot ဒုံးကျည် ကာကွယ်ရေးစနစ်တစ်ခု၊ C-RAM ရေဒါတစ်ခု ၊  လောင်စာဆီသိုလှောင်ကန်များ ၊ ရဟတ်ယာဉ် ပစ္စည်း ကိရိယာ များ သိုလှောင်ရုံကြီးတစ်ခုနှင့် ရဟတ်ယာဉ်များ ပြုပြင်ထိန်းသိမ်းရာ ဟန်ဂါတစ်ခုကိုလည်း ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားပါတယ်။

IRGC က အချို့သောအဖွဲ့အစည်းများသည် အီရန်ကို အခြားနိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ ခိုင်မြဲမှုကို ချိုးဖောက်သည်ဟု စွပ်စွဲနေကြသော်လည်း၊ အီရန်သည် ဂျော်ဒန်နိုင်ငံ၏ အချုပ် အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုကို အပြည့်အဝ လေးစားကြောင်း ပြောကြားခဲ့ပါတယ်။

ထုတ်ပြန်ချက်တွင် ထပ်မံဖော်ပြထားသည်မှာ အမေရိကန် စစ်အခြေစိုက်စခန်းများသည် အမှန်တကယ်အားဖြင့် ဒေသခံနိုင်ငံ၏ ဥပဒေများ မသက်ရောက်ဘဲ အမေရိကန်ဥပဒေနှင့် အမေရိကန်စစ်တပ်၏ အာဏာသာ သက်ရောက်သည့် နေရာများဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းအခြေစိုက်စခန်းများသည် သက်ဆိုင်ရာနိုင်ငံ၏ အချုပ်အခြာအာဏာကို ကိုယ်စားပြုခြင်းမဟုတ်ဘဲ၊ ထိုအချုပ်အခြာအာဏာကို ချိုးဖောက်နေခြင်း၏ သင်္ကေတ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha