အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Mehr သတင်းအေဂျင်စီ ၏ သတင်းအရ ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ Dmitry Medvedev က ရုရှား အနေဖြင့် အနောက်နိုင်ငံများ၏ ကုန်တင်သင်္ဘောများအပေါ် ဥရောပနိုင်ငံများက ရုရှား၏ “Shadow Fleet” နှင့် ဆက်စပ်သည့် သင်္ဘောများအပေါ် ပြုမူနေသကဲ့သို့ ပြုမူဆောင်ရွက်နိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
Medvedev က ရန်သူနိုင်ငံတစ်နိုင်ငံနှင့် သက်ဆိုင်သည့် ကုန်တင်သင်္ဘောတစ်စင်းသည် ယူကရိန်းအတွက် ပစ္စည်းများ သယ်ဆောင်နေကြောင်း လုံလောက်သော အထောက်အထားများ ရှိပါက အဆိုပါသင်္ဘောကို ပစ်မှတ် ထားတိုက်ခိုက်ရန် ရုရှားတွင် အခွင့်အရေးရှိကြောင်း ၊ ယင်းသင်္ဘောသည် နိုင်ငံတကာရေပိုင်နက် သို့မဟုတ် ကြားနေရေပိုင်နက်အတွင်း သွားလာနေသည်ဖြစ်စေ တိုက်ခိုက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ်။
၎င်းက ရုရှားတပ်မတော်အနေဖြင့် ၎င်း၏ စစ်ဆင်ရေးများကို ပင်လယ်နက်ဒေသအပြင်ဘက်အထိ တိုးချဲ့ ဆောင်ရွက်နိုင်စွမ်းရှိကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။
Medvedev ၏ အဆိုပါပြောကြားချက်များသည် ရုရှား၏ “Shadow Fleet” နှင့် ပတ်သက်၍ တင်းမာမှုများ မြင့်တက်လာနေသည့် နောက်ခံအခြေအနေတွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ အနောက်နိုင်ငံများက အဆိုပါ ရုရှားရေယာဉ်စုသည် ရေနံတင်ပို့မှုနှင့် ပတ်သက်သည့် ပိတ်ဆို့အရေးယူမှုများကို ရှောင်ရှားရန် အသုံးပြု နေသည် ဟု စွပ်စွဲထားပါတယ်။
ရုရှားသမ္မတ Vladimir Putin ကလည်း မကြာသေးမီက ရုရှားကုန်တင်သင်္ဘောများကို ဖမ်းဆီးခြင်း သို့မဟုတ် သိမ်းယူခြင်းပြုလုပ်ရန် မည်သည့်ကြိုးပမ်းမှုကိုမဆို မော်စကိုဘက်က လက်တုံ့ပြန်ဆောင်ရွက်မှုဖြင့် တုံ့ပြန် သွားမည်ဖြစ်ကြောင်း သတိပေးထားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment