၁၇ ဩဂုတ် ၂၀၂၆ - ၀၀:၀၀
အီရန်စစ်တပ်၏ အရေးကြီးကြေညာချက်/အမေရိကန်စစ်သားတစ်ဦးကို သတ်ဖြတ်နိုင်လျှင် ဒေါ်လာ ၃၀,၀၀၀ ဆုချမည်

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီက အမေရိကန်ကျူးကျော်စစ်သားတစ်ဦးကို သတ်ဖြတ်နိုင်သူအား အမေရိကန်ဒေါ်လာ ၃၀,၀၀၀ သို့မဟုတ် ထိုပမာဏနှင့်ညီမျှသော ငွေကြေးကို ဆုအဖြစ် ချီးမြှင့်မည်ဟု ကြေညာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

IRNAသတင်းဌာန၏အစီရင်ခံစာအရ  ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က အီရန်ပြည်သူများသည် ၁၆၈ ညတိုင်တိုင် လမ်းများ ပေါ်သို့ ထွက်လာခဲ့ကြပြီး ထိုအကျိုးသက်ရောက်မှုများကို မိမိတို့အနေဖြင့် ကောင်းစွာမြင် တွေ့နေ ရကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ပြည်သူများသည် ရန်သူများ၏ ပူးပေါင်းကြံစည်မှုများကို ကောင်းစွာနားလည်သဘောပေါက်ထားကြပြီး နိုင်ငံ၏ မီဒီယာများကလည်း ယင်းအကြောင်းကို ရှင်းလင်းဖော်ပြရာတွင် မိမိတို့၏ အခန်းကဏ္ဍကို ကောင်းစွာ ထမ်းဆောင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်စစ်ဦးစီးချုပ်က အမေရိကန်သမ္မတ၏ မကြာသေးမီက ပြောဆိုမှုကို ရည်ညွှန်းပြီး  “ရာဇဝတ် မှုကျူး လွန်သူ အမေရိကန်သမ္မတက ဟော်မုဇ်ရေလက်ကြားကို သူ့ရဲ့ ရာဇဝတ်နိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ကြေညာ လိုကြောင်း ပြောဆိုနေတယ်။ ဒါပေမယ့် သူတို့အနေနဲ့ ဒီစကားဟာ သူတို့ရဲ့ အတိုင်းအတာထက် ကျော်လွန် နေတယ်ဆိုတာ သိထားသင့်တယ်” ဟု ပြောကြားခဲ့ပါတယ်။

အမေရိကန်သမ္မတ၏ ထိုပြောဆိုမှုနှင့် နောက်ပိုင်းတွင် ယင်းကို ဟာသအဖြစ် ပြန်လည်ဖော်ပြခဲ့မှုအပေါ် တုံ့ပြန်ရာတွင် ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ  “အမေရိကန်သမ္မတက ဒီလိုဟာသမျိုး ပြောရဲတဲ့ သတ္တိရှိတယ်လား” ဟု ပြောကြားခဲ့ပါတယ်။

၎င်းက “ဒါဟာ အီရန်နိုင်ငံဖြစ်ပြီး မင်းတို့ရဲ့ အရိုးတွေကို ချိုးပစ်မယ့် ကာကွယ်စောင့်ရှောက်သူတွေ ဒီမှာရှိတယ်” ဟု သတိပေးခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မ တနိုင်ငံ အီရန်၏ တပ်မတော်စစ်ဦးစီးချုပ်က အမေရိကန်သမ္မတသည် မအောင်မြင်ဘဲ ရှုံးနိမ့်နေသူတစ်ဦးဖြစ်ပြီး မိမိကိုယ်မိမိ အောင်မြင်နေသူအဖြစ် ပြသလိုသည့် ထင်ယောင် ထင်မှား မှုများ ထဲတွင် ရှိနေသူဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ကမ္ဘာပေါ်တွင် အနည်းငယ်သောသူများသာ ထရမ့်ကို အလေး အနက်ထား ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက  “ကြောက်လန့်မှုကြောင့် အစားအစာသယ်ယူသည့် ထရပ်ကားထဲမှာ ပုန်းပြီး ခရီးသွားရတဲ့သူ၊ သူ့ရဲ့ ဝန်ကြီး အဖွဲ့ဝင်များ ၊ သတင်းထောက်တွေကို အမေရိကန်ထောက်လှမ်းရေးအဖွဲ့တွေရဲ့ အဆိုအရ တိုက်ခိုက် ခံရနိုင်ခြေရှိ တဲ့ လေယာဉ်ပေါ်မှာ ထားခဲ့တဲ့သူဆိုရင် ဒီလိုလူကို မအောင်မြင်သူလို့ပဲ ခေါ်ရမှာဖြစ်တယ်” ဟု ပြောကြားခဲ့ ပါတယ်။

ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က *Abraham Lincoln* လေယာဉ်တင်သင်္ဘော နှင့် ထိုပေါ်ရှိ စစ်သားများ၏ ဆိုးရွားသော အခြေအနေကို ရည်ညွှန်းပြီး စစ်ပွဲအတွင်း အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်၏ လက်နက်ကိုင် တပ်ဖွဲ့ များ သည် ထိုလေယာဉ်တင်သင်္ဘောကို အနည်းဆုံးတစ်ကြိမ် အောင်မြင်စွာ ပစ်မှတ်ထားတိုက်ခိုက်နိုင်ခဲ့ပြီး ထိုနောက် အချိန်အတော်ကြာအထိ ဂျက်တိုက်လေယာဉ်တစ်စင်းမျှ ၎င်းထံမှ ပျံတက်နိုင်ခြင်း မရှိခဲ့ကြောင်း ပြောကြား ခဲ့ပါတယ်။

၎င်းက အမေရိကန်တို့သည် ထိုအမှန်တရားကို ဖုံးကွယ်ရန် ကြိုးစားမည်ဖြစ်သော်လည်း ယခုအခါ ထို လေယာဉ်တင် သင်္ဘောသည် မအောင်မြင်ဘဲ ပြန်လည်ထွက်ခွာနေပြီဖြစ်ကြောင်း အလေးပေး ပြောကြား ခဲ့ပါ တယ်။

ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ယခုအခါ ဒေသတွင်းရှိ မည်သည့်အမေရိကန်စစ်စခန်းမျှ ယခင်အခြေအနေသို့ ပြန်လည်ရောက်ရှိနိုင်တော့မည်မဟုတ်ကြောင်း၊ အီရန်နိုင်ငံအနီးတွင် အစ္စလာမ်မစ်ပြည်သူ့ နိုင်ငံကို ခြိမ်းခြောက် ရန် ရည်ရွယ်သည့် မည်သည့်စစ်စခန်းမျိုးကိုမဆို တည်ဆောက်ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက အမေရိကန်တို့အတွက် ဒေသတွင်းမှ ထွက်ခွာသွားခြင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ တပ်မတော်စစ်ဦးစီးချုပ်က အမေရိကန်ကို ဒေသတွင်းမှ ထွက်ခွာစေမှုကို လက်တွေ့အကောင်အထည်ဖော်ပြီးဖြစ်ကြောင်း၊ ယခုအခါ အမေရိကန်တို့အား ပါရှန်း ပင်လယ်ကွေ့၊ အိုမန်ပင်လယ် သို့မဟုတ် ဟော်မုဇ်ရေလက်ကြားသို့ ပြန်လည်ဝင်ရောက်ခွင့် မပြုတော့ကြောင်း ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။

၎င်းက  “ကျွန်ုပ်တို့ စစ်ပွဲကို အနိုင်ရပြီးပြီဖြစ်ပြီး ယခုအခါ ထိုအောင်ပွဲကို ခိုင်မာအောင် ဆောင်ရွက်နေပါတယ်” ဟု ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ဂျော်ဒန်အပါအဝင် ဒေသတွင်းရှိ အမေရိကန်ရန်သူများ၏ စစ်စခန်းများအပေါ် မကြာသေးမီက ပြုလုပ်ခဲ့သော နောက်ဆုံးဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကို ရည်ညွှန်းပြီး ထိုတိုက်ခိုက်မှု များတွင် ရှင်းလင်းသော သတင်းစကားတစ်ရပ် ပါဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

တပ်မတော်စစ်ဦးစီးချုပ်က ပထမဆုံးသတင်းစကားမှာ ရန်သူများထံ မိမိတို့၏ လက်လှမ်းမီနိုင်မှု အပြည့် အဝရှိကြောင်းနှင့် မိမိတို့၏ နည်းဗျူဟာများက ထိုလက်လှမ်းမီနိုင်မှုကို ပိုမိုတိုးချဲ့ပေးနိုင်ကြောင်း ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

ဒုတိယသတင်းစကားမှာ အစ္စလာမ်မစ်သမ္မတနိုင်ငံ အီရန်သည် မိမိတို့၏ နည်းပညာနှင့် နည်းဗျူဟာအခြေပြု စွမ်းရည်များကို အသုံးပြု၍ မည်သည့် လေကြောင်းကာကွယ်ရေးစနစ်ကိုမဆို ကျော်လွှားနိုင်ကြောင်း ဖြစ်သည်ဟု ဆိုပါတယ်။ အစ္စရေးအစိုးရကလည်း အီရန်၏ ဒုံးကျည်များနှင့် ဒရုန်းများသည် ၎င်းတို့၏ အလွှာ ပေါင်းစုံပါ လေကြောင်းကာကွယ်ရေးစနစ်များကို မည်သို့အောင်မြင်စွာ ဖြတ်ကျော်ခဲ့သည်ကို ကောင်းစွာ တွေ့မြင်ခဲ့ ရကြောင်း ပြောကြားခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီး အမီးရ် ဟာသမီ က ရန်သူများအနေဖြင့် မိမိတို့၏ မိုက်မဲမှုကို ထပ်မံပြုလုပ်မိပါက အီရန်ဘက်မှ ဆက်တိုက်နှင့် ပြင်းထန်သော “လက်သီးချက်များ” ရရှိမည်ဖြစ်ပြီး ရန်သူများ၏ မျက်နှာကို ထိခိုက်စေလိမ့်မည်ဟု သတိပေးခဲ့ပါတယ်။

ထိုအခါ တပ်မတော်စစ်ဦးစီးချုပ်က အမေရိကန်ကျူးကျော်စစ်တပ်ကို ဆန့်ကျင်သည့် သတိပေးတုံ့ပြန်မှုအတွက် အစီအစဉ်သစ်မူကြမ်းတစ်ရပ် ရေးဆွဲနေကြောင်း ကြေညာခဲ့သည်။ ထိုအစီအစဉ်အရ ကျူးကျော်လာသော အမေရိကန် စစ်သားတစ်ဦးကို သတ်ဖြတ်သူ သို့မဟုတ် ဖမ်းဆီးပြီး အီရန်ထံ အပ်နှံသူအား အမေရိကန် စစ်သားတစ်ဦးစီအတွက် အီရန်တပ်မတော်က အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ဆုချမည်ဖြစ်ပြီး အီရန်၏ ရဲရင့်သော အမျိုးသမီးများက အမေရိကန်စစ်သားတစ်ဦးကို ဖမ်းဆီးနိုင်ပါက ထိုဆုငွေကို နှစ်ဆပေးမည်ဖြစ်ကြောင်း ဆိုပါ တယ်။

၎င်းက ထိုအစီအစဉ်အရ မိမိ၏ လက်နက်ဖြင့် အမေရိကန်စစ်သားတစ်ဦးကို သတ်ဖြတ်သူ၏ လက်နက်ကို အီရန်တပ်မတော်က မူလတန်ဖိုး၏ နှစ်ဆဖြင့် ဝယ်ယူပေးပြီး လက်နက်အသစ်တစ်ခု ပေးအပ်မည်ဖြစ်ကြောင်း၊ ထိုသူ၏ လက်နက်ကိုလည်း အထူးပြတိုက်တစ်ခုတွင် ထားရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန် အစ္စလာမ်မစ်ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ တပ်မတော်စစ်ဦးစီးချုပ်က အမေရိကန်ကို ပြတ်ပြတ်သားသား ပြောကြားရာတွင် “ဒီမြေကြီးရဲ့ နာမည်က အီရန်နိုင်ငံဆိုတာ သိထားပါ။ အမှားလုပ်မိခဲ့ရင် မင်းတို့ကို သမိုင်းတစ်လျှောက်လုံးအတွက် သင်ခန်းစာယူစရာ နမူနာတစ်ခု ဖြစ်အောင် လုပ်ပစ်မယ်!” ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha