အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ သည် အီရတ်နိုင်ငံခြား ရေးဝန်ကြီး ဖွအာဒ် ဟိုစိုင်းန် နှင့် တယ်လီဖုန်းဖြင့် ဆွေးနွေးရာတွင် အီရတ်နိုင်ငံ၏ နယ်မြေ ပိုင်ဆိုင်မှု ၊ တည်ငြိမ်အေးချမ်းမှုနှင့် အမျိုးသားလုံခြုံရေးကို ထောက်ခံသည့် အီရန်နိုင်ငံ၏ ရပ်တည်ချက်ကို အလေး ပေးပြောကြားခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အီရတ်နိုင်ငံ ကာဒစ်စတန်ဒေသအစိုးရ အကြီးအကဲရုံးကို ဒရုန်းဖြင့် တိုက် ခိုက်မှု အပါအဝင် အကြမ်းဖက်တိုက်ခိုက်မှုများအားလုံးနှင့် အီရန်၊ အီရတ် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးပြီး ညီအစ်ကိုရင်းချာသဖွယ် ဆက်ဆံရေးများကို ပျက်ပြားစေရန် ရန်သူများ၏ ကြံစည်မှုများအပေါ် သတိထားရန် လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် အဆိုပါ တယ်လီဖုန်းဆွေးနွေးမှုအတွင်း နှစ်နိုင်ငံ ပူးတွဲနယ်စပ်ဒေသများ၏ လုံခြုံရေးနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းရန်၊ အပြန်အလှန် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာစေရန်နှင့် နယ်စပ်လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် မည်သည့် မငြိမ်မသက်မှုမျိုးကိုမဆို ကာကွယ်တားဆီးရန် လိုအပ် ကြောင်း သဘောတူညီခဲ့ကြပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment