အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ပါကစ္စတန် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဆီနိတ်တာ မိုဟာမက် အစ္စဟက် ဒါး သည် ယနေ့ အစ္စလာမာဘတ်တွင် ဆီးရီးယား ကြားဖြတ်နိုင်ငံခြားရေးဝန်ကြီး အာဆတ် အယ်လ်ရှိုင်ဘာနီ နှင့် တွေ့ဆုံခဲ့ပါတယ်။
နှစ်ဖက်စလုံးက နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုခိုင်မာအောင် ဆောင်ရွက်ရန် သဘော တူခဲ့ကြ ပါတယ်။
ထို့အပြင် ပါလက်စတိုင်း ၊ အစ္စရေးက သိမ်းပိုက်ထားသော ဂိုလန်ကုန်းမြင့်ဒေသ၊ အာဖဂန်နစ္စတန်၊ တောင်အာရှ၏ လက်ရှိအခြေအနေနှင့် အရှေ့အလယ်ပိုင်းဒေသ၏ အခြေအနေ တို့အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာ အခြေအနေများ ကိုလည်း ဆွေးနွေးခဲ့ကြသည်။
အစ္စဟက် ဒါးက ဆီးရီးယား၏ အချုပ်အခြာအာဏာ၊ နိုင်ငံတစ်ခုလုံး၏ စည်းလုံးညီညွတ်မှုနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုကို ထောက်ခံရန် ပါကစ္စတန်၏ ခိုင်မာသော ကတိကဝတ် ကို အလေးပေး ပြောကြားခဲ့ပါတယ်။
အယ်လ်ရှိုင်ဘာနီက ပါကစ္စတန်၊ ဆော်ဒီအာရေဗျနှင့် တူရကီတို့အကြား ပူးတွဲကာကွယ်ရေး သဘောတူညီချက် ကို ကြိုဆိုခဲ့ပြီး အီရန်နှင့် အမေရိကန်အကြား တင်းမာမှုလျှော့ချရေးတွင် အစ္စလာမာဘတ်၏ အခန်းကဏ္ဍ ကိုလည်း ချီးကျူးခဲ့ပါတယ်။
ပါကစ္စတန်နှင့် ဆီးရီးယား နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးက ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဟု ထပ်မံ အတည်ပြု ခဲ့ကြပါတယ်။
အယ်လ်ရှိုင်ဘာနီသည် ပါကစ္စတန် ကုန်သွယ်ရေးဝန်ကြီး ဂျမ် ကမယ်လ် ခန်းနှင့်လည်း တွေ့ဆုံခဲ့ပြီး ပူးတွဲ ရင်းနှီးမြှုပ်နှံမှုဖိုရမ် တစ်ခု တည်ထောင်ရန်နှင့် ပါကစ္စတန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာ အောင် ဆောင်ရွက်ရန်အလေးပေးပြောကြားခဲ့ပါတယ်။
IRNA ၏ ဖော်ပြချက်အရ ၎င်းသည် ၁၉ နှစ်အတွင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးတစ်ဦး ပါကစ္စတန်နိုင်ငံသို့ ပထမဆုံးလာရောက်သည့် ခရီးစဉ် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment