၂၄ ဩဂုတ် ၂၀၂၆ - ၁၅:၅၈
ကူဝိတ်နိုင်ငံသားအဖြစ် နောက်ပိုင်းတွင် နိုင်ငံသားခံယူထားသူများ၏ မဲပေးခွင့်ကို ဖျက်သိမ်း

ကူဝိတ်နိုင်ငံ၏ အမီရ်သည် ပါလီမန်ကို ဖျက်သိမ်းခဲ့ပြီး နှစ်နှစ်အကြာ၊ နိုင်ငံသားအဖြစ် ခံယူထားသူများ၏ နိုင်ငံသားအဖြစ်ကို ပယ်ဖျက်ရန် ကျယ်ပြန့်သော လှုပ်ရှားမှုတစ်ရပ် ပြုလုပ်နေချိန်တွင် ကူဝိတ်နိုင်ငံသားအဖြစ် နောက်ပိုင်းတွင် နိုင်ငံသားခံယူထားသူများ၏ မဲပေးခွင့်ကို ဖျက်သိမ်းသည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကူဝိတ်နိုင်ငံ၏ တရားဝင်သတင်းဌာန KUNA ၏ ဖော်ပြချက်အရ အမီရ် မစ်ရှ်အယ်လ် အလ်အဟ်မဒ် အလ်ဂျာဘဲရ် အလ်ဆဘာဟ်   သည် ကူဝိတ်နိုင်ငံသားဥပဒေပါ အချက်အချို့ကို ပြင်ဆင်သည့် အမိန့်တစ်ရပ် ထုတ်ပြန်ခဲ့ ပါ တယ်။

အဆိုပါပြင်ဆင်ချက်အရ ဥပဒေပုဒ်မ ၇ တွင် အပိုဒ်အသစ်တစ်ရပ် ထည့်သွင်းခဲ့ပြီး၊ နိုင်ငံသားအဖြစ် ခံယူခြင်းဖြင့် ကူဝိတ်နိုင်ငံသားဖြစ်လာသူများကို မဲပေးခွင့်၊ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့် သို့မဟုတ် ပါလီမန်နှင့် သက်ဆိုင်သည့် အဖွဲ့အစည်းများတွင် ခန့်အပ်ခံခွင့် မပြုကြောင်း သတ်မှတ်ထားပါတယ်။

ယခင်က ဥပဒေအရ ကူဝိတ်နိုင်ငံသားအဖြစ် ခံယူပြီးနောက် နှစ်ပေါင်း ၃၀ ကြာမြင့်ပါက မဲပေးခွင့် ရရှိ နိုင်ခဲ့သော်လည် ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခြင်း သို့မဟုတ် ပါလီ မန်ဆိုင်ရာ အဖွဲ့အစည်းများတွင် ခန့်အပ်ခံခြင်းကိုမူ တားမြစ်ထားခဲ့ပါတယ်။

ယခုဆုံးဖြတ်ချက်သည် ကူဝိတ်အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချို့သော ပုဒ်မများကို ဆိုင်းငံ့ခဲ့ပြီးနောက်နှစ်နှစ်ခန့်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၄ ခုနှစ်တွင် ကူဝိတ်အာဏာပိုင်များက လူပေါင်း သောင်းနှင့်ချီ၏ နိုင်ငံသားဖြစ်ခွင့်ကို ပယ်ဖျက်ရန်စတင်ခဲ့သည့် ကျယ်ပြန့် သော လှုပ်ရှားမှုနှင့်လည်း တိုက်ဆိုင်နေပါတယ်။

အာဏာပိုင်များက နိုင်ငံသားဖြစ်ခွင့် ပယ်ဖျက်ခြင်းကို အမီရ်ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်း အဖြစ် အကြောင်းပြခဲ့ပါတယ်။ ယင်းလှုပ်ရှားမှုတွင် နိုင်ငံသားနှစ်မျိုး ကိုင်ဆောင်ထားခြင်း၊ တရားမဝင်နည်းလမ်းဖြင့် နိုင်ငံသားဖြစ်ခွင့်ရယူခြင်း သို့မဟုတ် စာရွက်စာတမ်းအတုများ အသုံးပြု၍ နိုင်ငံသားဖြစ်ခွင့်ရယူခြင်း စသည့် အမှုများကို ပစ်မှတ်ထားခဲ့ပါတယ်။

ထို့အပြင် အာဏာပိုင်များသည် ယခင်က အမျိုးသမီးများအတွက် ရရှိနိုင်ခဲ့သည့် လက်ထပ် ထိမ်းမြားခြင်း မှတစ်ဆင့် နိုင်ငံသားဖြစ်ခွင့်ရရှိသည့် လုပ်ငန်းစဉ်ကိုလည်း ရပ်ဆိုင်းခဲ့ပါတယ်။ ထိုလှုပ်ရှားမှုကြောင့် ၁၉၈၇ ခုနှစ် မှစ၍ အိမ်ထောင်ပြုခြင်းမှတစ်ဆင့် ကူဝိတ်နိုင်ငံသားဖြစ်လာခဲ့သော အမျိုးသမီးများ၏ နိုင်ငံသား ဖြစ်ခွင့် ကိုပါ ပယ်ဖျက်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha