အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ အီရန်နိုင်ငံ မြောက်ပိုင်းရှိ ရရှ်သ် မြို့တွင် ပြုလုပ်သည့် ရေတပ်လေ့ကျင့်ရေး အစီအစဉ်၌ မိန့်ခွန်းပြောကြားစဉ် ရေတပ်ဗိုလ်ချုပ် ရှာဟ်ရမ် အီရန်နီ က “ကျွန်ုပ်တို့၏ ရေတပ်သည် အာဇာနည်များ ၏ သွေးပေးဆပ်မှုကြောင့် ပိုမိုခိုင်မာလာပြီး အင်အားအပြည့်ဖြင့် မိမိ၏တာဝန်ကို ဆက်လက် ထမ်းဆောင်နေသည်” ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရန်သူသည် အီရန်ပြည်သူများနှင့် လက်နက်ကိုင်တပ်ဖွဲ့များ၏ မဆုတ်မနစ် ခုခံတော်လှန်လိုစိတ်ကို နားလည်ရာတွင် အလွန်ကြီးမားသော အမှားပြုလုပ်ခဲ့ကြောင်း ရေတပ်ဗိုလ်ချုပ် ရှာဟ်ရမ် အီရန်နီ က အလေး အနက် ပြောကြားခဲ့ပါတယ်။
၎င်းက “အီရန်ရေတပ်သည် ယနေ့တိုင် အသက်ဝင်လှုပ်ရှားနေဆဲ၊ တက်ကြွနေဆဲဖြစ်ပြီး အင်အား ကောင်း နေဆဲဖြစ်ပါတယ်။ ရေတပ်တပ်ဖွဲ့ဝင်များသည် အာဇာနည်များက ကျွန်ုပ်တို့အား ပြသခဲ့သည့် စိတ်ဓာတ်အတိုင်း မိမိတို့၏တာဝန်များကို ဆက်လက်ထမ်းဆောင်နေကြသည်” ဟု ဆိုပါတယ်။
ရေတပ်တပ်ဖွဲ့ဝင်များသည် မိမိတို့၏ အမိနိုင်ငံကို ကာကွယ်ရန်နှင့် အီရန်ပြည်သူကြီး၏ လုံခြုံရေးကို အာမခံ နိုင်ရန်အတွက် မိမိတို့၏ စွမ်းအားနှင့် အားအင်များကို အပြည့်အဝ အသုံးချနေကြောင်းလည်း ရေတပ်ဗိုလ်ချုပ် ရှာဟ်ရမ် အီရန်နီ က အခိုင်အမာ ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment