အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လာရက်ခ်မြို့ရှိ မင်္ဂလာဆောင်ပွဲကို ပစ်မှတ်ထားခဲ့သည့် အမေရိကန်၏ တိုက်ခိုက်မှုအပြီးတွင် ဆန့်ကျင်ဘက် သတင်းမီဒီယာအချို့က ထိုတိုက်ခိုက်မှုကို တရားမျှတကြောင်း ဖော်ပြနိုင်ရန်အတွက် ဆက်သွယ်ရေးတာဝါကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သတ်မှတ်ဖော်ပြရန် ကြိုးပမ်းလာကြပါတယ်။
အဗ်နာ ၏ ဖော်ပြချက်အရ ယမန်နေ့ညတွင် အမေရိကန်စစ်တပ်သည် အီရန်နိုင်ငံ တောင်ပိုင်းဒေသများ၊ အထူးသဖြင့် စစ်စတန် နှင့် ဗလူချီစတန် ပြည်နယ် ၊ဟော်မိုဇ်ဂန် နှင့် ခူဇက်စတန် ဒေသများရှိ နေရာအများအပြားကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်။ လာရက်ခ်မြို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုတစ်ခု၌ မင်္ဂလာဆောင်ပွဲတစ်ခုလည်း ထိခိုက်ခဲ့ပြီး လူအများအပြား သေဆုံးကာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
သတင်းတွင် ဆန့်ကျင်ဘက် မီဒီယာအဖွဲ့အစည်းအချို့က အမေရိကန်၏ တိုက်ခိုက်မှုတွင် အမှန်တကယ် ပစ်မှတ်မှာ အဆိုပါဒေသရှိ ဆက်သွယ်ရေးတာဝါတစ်ခုဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။ သို့သော် ဒေသတွင်း စစ်ဆေးလေ့လာမှုများအရ စီရစ်ခ်မြို့၊ ကိုဟက်စ်တက်ခ် တွင်ရှိသော တာဝါနှင့် မင်္ဂလာ ဆောင်ပွဲကျင်းပ သည့်နေရာအကြား အကွာအဝေးမှာ ခန့်မှန်းခြေအားဖြင့် ၁၃၆ မီတာရှိပါတယ်။
အဗ်နာ က အမေရိကန်၏ လမ်းညွှန်စနစ်ပါ လက်နက်များ၏ ယေဘုယျအားဖြင့် ပစ်မှတ်တိကျမှုကို ထည့်သွင်း စဉ်းစားပါက တာဝါကိုသာ ပစ်မှတ်ဖြစ်သည်ဟု သတ်မှတ်ပြောဆိုခြင်းမှာ မေးခွန်း ထုတ်စရာ ရှိကြောင်း ၊ ထို့အပြင် မီဒီယာအဖွဲ့အစည်းအချို့သည် တိုက်ခိုက်မှုအတွက် တာဝန်ရှိမှုမှ အာရုံလွှဲရန် ကြိုးပမ်း နေကြသည်ဟု ဆိုထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment