အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNAသတင်းဌာန၏အစီရင်ခံစာအရ ဒီမီထရီ ပက်စကော့ဗ်က ကြာသပတေးနေ့တွင် ရုရှားနိုင်ငံပိုင် ရုပ်မြင် သံကြား ချန်နယ်နှင့် တွေ့ဆုံမေးမြန်းရာ၌ အမေရိကန်နိုင်ငံအနေဖြင့် အခြားနိုင်ငံများနှင့် ဆက်ဆံရေးများ အပေါ် လက်ဝါးကြီးအုပ် ချုပ်ကိုင်ထားနိုင်သည့် အခွင့်အာဏာ မရှိကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက “မော်စကိုမှာ မိတ်ဆွေနိုင်ငံတွေနဲ့ မဟာမိတ်နိုင်ငံတွေ ရှိပါတယ်။ သူတို့နဲ့ ကျွန်ုပ်တို့မှာ နက်ရှိုင်းတဲ့ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပါတယ်။ ဒီဆက်ဆံရေးတွေကို ဆက်လက် ထိန်းသိမ်းသွား ရုံသာ မက ပိုမိုတိုးမြှင့်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရုရှား ဒုတိယဝန်ကြီးချုပ် အလက်ဆေး အိုဗာချုခ် (Alexei Overchuk) ကလည်း အရှေ့ပိုင်း စီးပွားရေးဖိုရမ် (Eastern Economic Forum) အစည်းအဝေး ကျင်းပနေစဉ်အတွင်း ဒေသတွင်းဖြစ်ရပ်များကြောင့် ရုရှားနှင့် အီရန်အကြား ကုန်သွယ်ရေးအပေါ် သိသိသာသာ ထိခိုက်မှု မရှိခဲ့ကြောင်း အလေး ပေးပြော ကြားခဲ့ ပါတယ်။
၎င်းက ရုရှားနှင့် အီရန်အကြား ကုန်သွယ်ရေးဆက်ဆံမှုများ ဆက်လက်တည်ရှိနေခြင်းသည် တီဟီရန်နှင့် မော်စကိုအကြား ချုပ်ဆိုထားသည့် ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ဖြစ်ကြောင်းလည်း ပြောကြား ခဲ့ပါ တယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment