အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Farsnews၏ အစီရင်ခံစာအရ ယနေ့ အင်္ဂါနေ့ အာရုံတက်ချိန်တွင် ဆော်ဒီအာရေဗျနိုင်ငံ အနောက် တောင်ပိုင်းရှိ အာစီရ်ပြည်နယ်၏ မြို့တော် အဘဟာနှင့် ဂျာဇန်မြို့များရှိ အာရမ်ကိုကုမ္ပဏီ၏ ရေနံ ချက်စက်ရုံ များ ကို ယီမင် လက်နက်ကိုင်တပ်ဖွဲ့များက ဒုံးကျည်များနှင့် ဒရုန်းများအသုံးပြု၍ တိုက်ခိုက် ခဲ့ပြီး ပြင်းထန်စွာ မီးလောင် ကျွမ်းခဲ့ပါ တယ်။
ဒေသခံသတင်းရင်းမြစ်များနှင့် အာရပ်မီဒီယာများ၏ ဖော်ပြချက်များအရ တိုက်ခိုက်မှုများနှင့် တစ်ပြိုင်နက်တည်း အဘဟာလေဆိပ်လည်း ထိမှန်ခဲ့ကြောင်း သိရပါတယ်။ထို့အပြင် ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်း ဒေသများဖြစ် သည့် ခမီးစ် မူရှိုက်တ်အပါအဝင် နေရာအများအပြားတွင်လည်း ပြင်းထန်သော ပေါက်ကွဲသံများ ကြားခဲ့ရပါတယ်။
တိုက်ခိုက်မှုဖြစ်ပြီး မိနစ်အနည်းငယ်အကြာတွင် ထုတ်ပြန်ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံများက အဘဟာနှင့် ဂျာဇန်ရှိ ရေနံဆိုင်ရာ အဆောက်အအုံများတွင် ကြီးမားသော မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း အတည်ပြုပေးခဲ့ပါတယ်။
အဘဟာရေနံချက်စက်ရုံ၏ တိကျသော ထုတ်လုပ်နိုင်စွမ်းပမာဏကို ရရှိနိုင်သည့် သတင်းရင်းမြစ်များတွင် ဖော်ပြထားခြင်းမရှိသော်လည်း ထိုစက်ရုံသည် ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်းဒေသအတွက် ရေနံထွက်ကုန်များ ဖြန့်ဖြူးပေးရာတွင် အရေးပါသော ဒေသဆိုင်ရာ ဖြန့်ဖြူးရေးစင်တာတစ်ခုအဖြစ် အရေးပါသည်။ ထို့အပြင် သီးခြားရေနံပိုက်လိုင်းတစ်ခုမှတစ်ဆင့် ဂျာဇန်ရေနံချက်စက်ရုံနှင့်လည်း ချိတ်ဆက်ထားပါတယ်။
ဆော်ဒီအာရေဗျ စွမ်းအင်ဝန်ကြီးဌာနကလည်း ယနေ့နံနက်တွင် ဆော်ဒီတရားဝင်သတင်းအေဂျင်စီ (SPA/WAS) မှတစ်ဆင့် ထုတ်ပြန်သည့် ကြေညာချက်၌ “ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်းဒေသရှိ စွမ်းအင်ကဏ္ဍ၏ အဆောက် အအုံအချို့သည် တိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခဲ့သည်”ဟု ပြောကြားခဲ့ပါတယ်။
အဆိုပါကြေညာချက်အရ တိုက်ခိုက်မှုများကြောင့် စက်ရုံအဆောက်အအုံအများအပြားတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး အချို့သော စက်ရုံများတွင် လုပ်ငန်းများကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။
စွမ်းအင်ဝန်ကြီးဌာနက သက်ဆိုင်ရာအာဏာပိုင်များသည် စက်ရုံများနှင့် ဝန်ထမ်းများ၏ လုံခြုံရေးကို အာမခံ နိုင်ရန်နှင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် လိုအပ်သည့် အစီအမံများကို ဆောင်ရွက်နေကြောင်းလည်း ပြောကြား ခဲ့ပါတယ်။
ယနေ့ အဘဟာရေနံချက်စက်ရုံကို တိုက်ခိုက်မှုသည် ၄၈ နာရီအတွင်း ဆော်ဒီအာရေဗျ၏ ရေနံဆိုင်ရာ အဆောက် အအုံများကို တိုက်ခိုက်မှု တတိယအကြိမ် ဖြစ်ပါတယ်။
မနေ့ တနင်္လာနေ့တွင်လည်း ဂျာဇန်မြို့ရှိ အာရမ်ကို၏ ကြီးမားသော ရေနံချက်စက်ရုံကို တိုက်ခိုက်ခဲ့သည်။ တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၀၀,၀၀၀ ချက်လုပ်နိုင်သည့် အဆိုပါစက်ရုံသည် တိုက်ခိုက်မှုအပြီး မီးလောင် ကျွမ်းခဲ့ သော်လည်း အာရမ်ကို၏ မီးသတ်အဖွဲ့များက မီးကို ထိန်းချုပ်နိုင်ခဲ့သည်။ ဆော်ဒီ စွမ်းအင်ဝန်ကြီးဌာန၏ ပြောကြားချက်အရ ထိုဖြစ်ရပ်တွင် မည်သူမျှ ထိခိုက်ဒဏ်ရာရခြင်း မရှိခဲ့ပေ။
တနင်္ဂနွေနေ့တွင်လည်း ဆော်ဒီအာရေဗျနိုင်ငံ ယန်ဘူမြို့ရှိ “ဆမ်ရက်ဖ်” ရေနံချက်စက်ရုံကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပါတယ်။ အဆိုပါစက်ရုံကို အာရမ်ကို နှင့် အက်ဆွန် မိုဘီလ် တို့က ပူးတွဲလည်ပတ်နေပြီး တစ်ရက်လျှင် ရေနံစိမ်း စည်ပေါင်း ၄၀၀,၀၀၀ ချက်လုပ်နိုင်ပါတယ်။
ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့သွားပါက အဆိုပါစက်ရုံသည် ရေနံတင်ပို့မှုအတွက် အစားထိုးလမ်းကြောင်းအဖြစ် အသုံးဝင်နိုင်သောကြောင့် မဟာဗျူဟာအရ အလွန်အရေးကြီးသည့် အဆောက်အအုံတစ်ခု ဖြစ်ပါတယ်။
အာရမ်ကိုကုမ္ပဏီသည် ဆော်ဒီအာရေဗျနိုင်ငံအတွင်း စုစုပေါင်း ရေနံချက်စက်ရုံ ၉ ခု ပိုင်ဆိုင် /လည်ပတ်နေပြီး ၎င်းတို့ အနက် ၅ ခုမှာ ကုမ္ပဏီပိုင် အပြည့်အဝပိုင်ဆိုင်သည့် စက်ရုံများ ဖြစ်ကာ ၄ ခုမှာ ပူးပေါင်းပိုင်ဆိုင်သည့် စက်ရုံများ ဖြစ်ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံအတွင်း အာရမ်ကို၏ စုစုပေါင်း ရေနံချက်လုပ်နိုင်စွမ်းမှာ တစ်ရက်လျှင် ရေနံစည်ပေါင်း ၄.၁ သန်းခန့် ရှိပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူကလည်း ယနေ့ အင်္ဂါနေ့တွင် ကြေညာချက်ထုတ်ပြန်ကာ “ကျွန်ုပ်တို့သည် ဆော်ဒီအာရေဗျနိုင်ငံရှိ အဘဟာ၊ နဂျ်ရန်နှင့် ဂျာဇန်ဒေသများမှ အာရမ်ကိုကုမ္ပဏီ၏ အဆောက်အအုံများကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပြင် ခမီးစ် မူရှိုက်တ်ရှိ လေတပ်စခန်းကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။
တင်းမာမှုများ ဖြစ်ပေါ်အောင် လှုံ့ဆော်မှုများအတွက် မည်သည့်အခြေအနေတွင်မဆို တာဝန်ရှိသူမှာ ဆော်ဒီအာရေဗျ ဖြစ်ကြောင်း ကျွန်ုပ်တို့ သတ်မှတ်ထားကြောင်း ထို့ကြောင့် ပိုမိုပြင်းထန်ပြီး ပိုမိုကျယ်ပြန့်သော တိုက်ခိုက်မှုများ ပြုလုပ်ရန် ကျွန်ုပ်တို့တွင် မည်သည့်တုံ့ဆိုင်းမှုမျှ မရှိပါဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment