၉ စက်တင်ဘာ ၂၀၂၆ - ၂၃:၅၉
ဆော်ဒီအာရေဗျက အခြားနိုင်ငံတွေကို ယီမင်စစ်ပွဲထဲ ဆွဲသွင်းဖို့ ကြိုးပမ်းနေတယ်လို့ အမေရိကန် မီဒီယာ က ဖော်ပြ

CNN ရဲ့ ဖော်ပြချက်အရ ဆော်ဒီအာရေဗျဟာ ယီမင်နိုင်ငံကို တိုက်ခိုက်ဖို့ စစ်ရေးအစီအစဉ်တွေ ရေးဆွဲပြီး ဖြစ်သလို၊ အမေရိကန်နဲ့ ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ဆက်သွယ်ဆွေးနွေးနေတဲ့အပြင် အခြားနိုင်ငံ တွေကိုလည်း ဒီစစ်ပွဲထဲ ပါဝင်လာအောင် ကြိုးပမ်းနေတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ အမေရိကန်ရုပ်သံမီဒီယာ CNN က ဆော်ဒီရေးရာနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး ဆော်ဒီအာရေဗျဟာ ယီမင်နိုင်ငံကို တိုက်ခိုက်ဖို့အတွက် စစ်ရေး အစီ အစဉ်တွေကို ပြင်ဆင်ထားပြီးဖြစ်ကာ မိမိတို့ရဲ့ မဟာမိတ်တွေကိုလည်း အဆိုပါ အစီအစဉ် တွေ အကြောင်း အသိပေးထားပြီးဖြစ်တယ်လို့ ဖော်ပြခဲ့ပါ တယ်။

သတင်းအရ ဆော်ဒီသံတမန်တွေက ဩဂုတ်လအတွင်း အမေရိကနအထက်လွှတ်တော်အမတ်တွေကို အန်ဆွာရိုလ္လာဟ် နှင့်  နိုင်ငံရေးအရ ဆက်သွယ်ဆွေးနွေးနိုင်တဲ့ လမ်းကြောင်းတွေ ပိတ်သွားပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ထို့အပြင် ဖြစ်နိုင်ခြေရှိတဲ့ တိုက်ခိုက်မှုတွေအတွက် ဝါရှင်တန်ရဲ့ ထောက်ခံမှုကိုလည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဆော်ဒီအာဏာပိုင်တွေဟာ နောက်ထပ်လုပ်ဆောင်မယ့် အဆင့်တွေနဲ့ ပတ်သက်ပြီး အမေရိကန် Central Command (CENTCOM) နဲ့ သဘောတူညီမှု ရရှိထားပြီး ယီမင်အပေါ် စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ဥရောပမဟာမိတ်နိုင်ငံတွေကိုလည်း အသိပေးထားတယ်လို့ သိရပါတယ်။

CNN က ထပ်မံဖော်ပြချက်အရ ရီယာ့ဒ်ဟာ အီရန်ကို ဆန့်ကျင်တဲ့ အမေရိကန်ဦးဆောင် စစ်ပွဲထဲ ပါဝင်ဖို့ ယခင်က တွန့်ဆုတ်နေခဲ့တဲ့ နိုင်ငံတွေကိုပါ ယီမင်စစ်ပွဲထဲ ပါဝင်လာအောင် ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

အခြားတစ်ဖက်မှာတော့ ယီမင်အခြေစိုက် အန်ဆာရုလ္လာ လှုပ်ရှားမှု က ဆော်ဒီအာရေဗျရဲ့ ယီမင်အပေါ် တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မနေ့က ဆော်ဒီအာရေဗျနိုင်ငံ တောင်ပိုင်းရှိ ပစ်မှတ်အများအပြားကို တိုက်ခိုက်ခဲ့ပါတယ်။ သတင်းအရ အဆိုပါတိုက်ခိုက်မှုတွေကြောင့် လူ ၇၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ဆော်ဒီတောင်ပိုင်းရှိ ရေနံစက်ရုံနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံအချို့မှာလည်း မီးလောင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။

ဆော်ဒီစွမ်းအင်ဝန်ကြီးဌာနကလည်း တိုက်ခိုက်မှုအပြီး စွမ်းအင်ဆိုင်ရာ အဆောက်အအုံအချို့မှာ လုပ်ငန်းဆောင်ရွက်မှုတချို့ကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

အခြားတစ်ဖက်မှာတော့ ယီမင်နိုင်ငံ အေဒင် (Aden) မြို့ရှိ အမေရိကန်သံရုံးက လူမှုကွန်ရက် X မှာ ထုတ်ပြန်ချက်တစ်ရပ်ကို တင်ခဲ့ပြီး အန်ဆွာရိုလ္လာဟ် ဘက်က ဒီပဋိပက္ခကို စတင်ခဲ့တာဖြစ်ကြောင်းနဲ့ ၎င်းတို့ရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေအတွက် တာဝန်ယူသင့်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်သံရုံးက ဆော်ဒီအာရေဗျရဲ့ မိမိတို့နိုင်ငံနဲ့ ပြည်သူတွေကို ကာကွယ်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ ရပ်တည်ချက်ကိုလည်း ထောက်ခံခဲ့ပါတယ်။ သို့သော် အဆိုပါထုတ်ပြန်ချက်မှာ ဆော်ဒီအာရေဗျနဲ့ ၎င်းရဲ့ မဟာမိတ်တပ်ဖွဲ့တွေက ယီမင်အပေါ် မကြာသေးမီက ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွေအကြောင်းတော့ ထည့်သွင်းဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha