အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
“အလီ အန်နစီ” သည် X လူမှုကွန်ရက်တွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ ရှေ့မှောက်မှ ဆော်ဒီနှင့် ဆက်နွယ်သည့် တပ်ဖွဲ့များ ထွက်ပြေးဆုတ်ခွာသွားခြင်းနှင့်ပတ်သက်၍ ရေးသားခဲ့သည်။ ၎င်းက ဆော်ဒီအာရေဗျနှင့် ဆက်နွယ်သည့် တပ်ဖွဲ့များ၏ တပ်မှူး “သာရစ်ခ် ဆာလေဟ်” သည် ကမ်းရိုးတန်း စစ်မျက်နှာများ အပြင် “ဟနီရှ်” ကျွန်းများနှင့် “ဂျဘယ်လ် ဇူကာ” ကျွန်းတို့မှ မိမိ၏ ဒဏ်ရာရ တပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်းခေါ်ဆောင်မပေးဘဲ ထားခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ “မြေယာနဲ့ လက်နက်တွေ ဆုံးရှုံးတာကို နားလည်နိုင်ပါတယ်။ ဒါပေမဲ့ နာကျင် စရာအကောင်းဆုံးက သာရစ်ခ် ဆာလေဟ်ရဲ့ တပ်ဖွဲ့တွေ ဆုတ်ခွာသွားတဲ့အချိန်မှာ ‘ဟိုင်းစ်’၊ ‘အယ်လ်ခိုခါ’ နဲ့ ‘အယ်လ်မိုခါ’ တို့က ဒဏ်ရာရသူတွေကို ရွှေ့ပြောင်းမပေးဘဲ သူတို့ကို ဒီအတိုင်း စွန့်ပစ်ထားခဲ့တာပါ” ဟု ပြောကြားခဲ့ပါတယ်။
အန်နစီက ဆက်လက်၍ “ဟနီရှ်ကျွန်းတွေနဲ့ ဂျဘယ်လ် ဇူကာမှာ တပ်စွဲထားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လှေတွေတောင် ပို့ပေးခဲ့ခြင်းမရှိဘဲ တပ်ရင်းနှစ်ရင်းဟာ ဆန်အာမြို့ဘက်က တပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတယ်” ဟု ဆိုပါတယ်။
ယီမင်နိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းတွင် ဆော်ဒီအာရေဗျနှင့် ဆက်နွယ်သည့် တပ်ဖွဲ့များ၏ တပ်မှူးဖြစ်သော “တာရစ်ခ် ဆာလေဟ်” ၏ တပ်ဖွဲ့များသည် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုများနှင့် ထိုးစစ်ဆင်တိုးတက်မှုများကြောင့် ကြာသပတေးနေ့တွင် အယ်လ်မိုခါမြို့နှင့် အနောက်ဘက်ကမ်းရိုးတန်းဒေသအားလုံးမှ လာဟ်ဂျ်ပြည်နယ်ဘက်သို့ ထွက်ပြေးဆုတ်ခွာခဲ့ကြပါတယ်။
ယီမင်နိုင်ငံရှိ အယ်လ်မယာဒင်း သတင်းဌာန၏ သတင်းထောက်က ကြာသပတေးနေ့တွင် ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် တအစ်ဇ်ပြည်နယ် အနောက်ဘက်ရှိ အယ်လ်မိုခါ ကမ်းရိုးတန်းဒေသအတွင်း အရေးပါသော နယ်မြေများနှင့် စစ်ဘက်အခြေစိုက်စခန်းများကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သတင်းပို့ခဲ့ပါတယ်။
၎င်းက ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် “ခါလစ်ဒ်” စစ်စခန်း၊ “ဂျဘယ်လ် အန်နာရ်” စစ်စခန်းနှင့် အနောက်ဘက်ကမ်းရိုးတန်းရှိ စစ်ဘက်တပ်ဖွဲ့များ၏ ဌာနချုပ်ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ပင်လယ်နီကမ်းရိုးတန်းရှိ ဟိုဒေးဒါပြည်နယ်၏ တောင်ပိုင်းဒေသဖြစ်သော အယ်လ်ခိုခါနှင့် ဟိုင်းစ်တို့အပြင် တအစ်ဇ်ပြည်နယ်ရှိ အယ်လ်ဝါဇီယာဒေသကိုလည်း ထိန်းချုပ်နိုင်ခဲ့သည်။
အယ်လ်မယာဒင်း၏ သတင်းအရ အယ်လ်ခိုခါနှင့် ဟိုင်းစ်တို့၏ စုစုပေါင်းဧရိယာမှာ စတုရန်းကီလိုမီတာ ၁,၀၅၀ ကျော် ရှိပါတယ်။
တစ်ချိန်တည်းမှာပင် ဆော်ဒီအာရေဗျသည် မိမိ၏ စစ်ဘက်တပ်ဖွဲ့များကို ထောက်ပံ့ရန်နှင့် အင်အားဖြည့်တင်းရန်အတွက် မာရစ်ဘ်၊ အယ်လ်ဂျော်ဖ်၊ တအစ်ဇ်နှင့် ဟိုဒေးဒါအပါအဝင် ပြည်နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment