အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာလေ့ ခလီဖာအစိုးရ၏ လတ်တလောလုပ်ဆောင်ချက်များသည် အီရန်နှင့် ဖြစ်ပွားနေသည့် စစ်ရေးအခြေအနေကို တုံ့ပြန်ခြင်းဟု အစိုးရဘက်က အကြောင်းပြသော်လည်း ယင်းမူဝါဒ၏ အမြစ်များမှာ ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက ရှိခဲ့သည်ဟု သုံးသပ်ချက်တွင် ဖော်ပြထားပါတယ်။
၁၉၉၆ ခုနှစ်မှစ၍ ဘာရိန်းအစိုးရသည် ရှီအဟ် ဘာသာရေးပညာရှင်များနှင့် ဘာသာရေးအဖွဲ့အစည်းများ၏ အင်အားကို အုပ်ချုပ်ရေး၊ လိုင်စင်နှင့် စောင့်ကြည့်ကြီးကြပ်မှုစနစ်များမှတစ်ဆင့် ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါတယ်။ သို့သော် ဘာသာရေးပညာရှင်များ၏ လူမှုရေးအာဏာနှင့် လူထုထံမှ ရရှိသည့် တရားဝင်မှုကို အစိုးရ၏ အုပ်ချုပ်ရေးစနစ်က အပြည့်အဝ အစားမထိုးနိုင်ခဲ့ကြောင်း ဆောင်းပါးက ဆိုခဲ့ပါတယ်။
၂၀၂၀ ခုနှစ် ဆက်ဆံရေးပုံမှန်ပြန်လည်တည်ဆောက်မှုနှင့် ၂၀၂၃ ခုနှစ်နောက်ပိုင်း ဒေသတွင်းပဋိပက္ခများအပြီးတွင် မူဝါဒသည် ပိုမိုကျယ်ပြန့်လာခဲ့ပြီး ၂၀၂၆ ခုနှစ် အီရန်နှင့် စစ်ပွဲအပြီးတွင် “ဝေလာယသ် ဖကီးဟ်” ဟူသော အယူအဆကို ရှီအဟ် လူထုနှင့် ဘာသာရေးအဖွဲ့အစည်းများအပေါ် ဖိအားပေးရန် အဓိကအကြောင်းပြချက်တစ်ရပ်အဖြစ် အသုံးပြုလာသည်ဟု ဖော်ပြထားပါတယ်။
၂၀၂၆ ခုနှစ် မုဟရမ်ကာလတွင် အလံများ၊ ကြွေးကြော်သံများနှင့် အေမာမ် ဘာရာများအထိ ထိန်းချုပ်မှုများ ရောက်ရှိလာခဲ့ပြီး၊ စက်တင်ဘာလတွင် တရားဟောဆရာများနှင့် မာဒါဟ်များအတွက် လိုင်စင်စနစ်ကို ထပ်မံတင်းကျပ်ခဲ့သည်။
ဆောင်းပါး၏ အဓိကသုံးသပ်ချက်မှာ ယခုအခြေအနေသည် ဘာသာရေးပညာရှင်များကိုသာ ထိန်းချုပ်ရန် ကြိုးပမ်းခြင်းမဟုတ်တော့ဘဲ ၎င်းတို့၏ လူမှုရေးနှင့် ဘာသာရေးသြဇာကို ထောက်ပံ့ပေးနေသည့်အေမာမ် ဘာရာများ ၊ တရားဟောစင်မြင့်များ၊ ဘဏ္ဍာရေးအရင်းအမြစ်များနှင့် ဘာသာရေးအာဏာပိုင်မှုများကိုပါ ဝန်းရံပိတ်ဆို့ရန် ကြိုးပမ်းလာခြင်း ဖြစ်ပါတယ်။
ထိုသို့ ဖိအားပေးမှုများ ဆက်လက်တိုးမြှင့်ပါက နိုင်ငံရေးအတိုက်အခံမှုကို ကျော်လွန်၍ ရှီအဟ် လူထုတစ်ရပ်လုံးနှင့် ပိုမိုကျယ်ပြန့်သော ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ပေါ်လာနိုင်ပြီး၊ အစိုးရ၏ လုပ်ဆောင်ချက်များက လူထုလှုပ်ရှားမှုအသစ်တစ်ရပ် ပေါ်ပေါက်လာစေရန် အခြေအနေများကိုပင် ဖန်တီးပေးနိုင်ကြောင်း ဆောင်းပါးက သုံးသပ်ထားပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment