အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
IRNA သတင်းဌာန၏အစီရင်ခံစာအရ အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က နယူးယောက်မြို့တွင် IRNA သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းရာ၌ ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံ နှစ်ပတ်လည်အစည်းအဝေးတွင် သမ္မတ၏ မိန့်ခွန်း၊ အင်တာဗျူးများ၊ တွေ့ဆုံမှုများနှင့် ဆွေးနွေးမှုများသည် အလွန်အရေးကြီးခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက ဟော်မုဇ်ရေလက်ကြား ကို ပြန်လည်ဖွင့်လှစ်ရန်အတွက် မိမိတို့၏ သတ်မှတ်ချက်များကို ရှင်းလင်းပြတ်သားစွာ ထုတ်ဖော်ပြောကြားခဲ့ပြီး ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် အမေရိကန်ထံသို့ ပေးပို့ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က အဆိုပါ သတ်မှတ်ချက်များနှင့် ပတ်သက်၍ အမေရိကန်၏ ကနဦးတုံ့ပြန်မှု ထွက်ပေါ်လာပြီဖြစ်သော်လည်း ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် တရားဝင်အဖြေကို ယခုအချိန်အထိ မရရှိသေးကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အမေရိကန်သမ္မတသည် ဆန့်ကျင်ကွဲလွဲသည့် ပြောဆိုချက်များကို အများအပြား ပြောလေ့ရှိကြောင်း မိမိတို့အနေဖြင့် ကြားဝင်ညှိနှိုင်းပေးသူများမှတစ်ဆင့် တရားဝင်အဖြေကို စောင့်ဆိုင်းနေပြီး ထိုအဖြေရရှိပြီးနောက် ယင်းကိစ္စနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ချမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အီရန် နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က နိုင်ငံရေး နှင့် သံတမန်ရေးနယ်ပယ်များတွင်လည်း မိမိတို့၏ ရပ်တည်ချက်သည် အသာစီးရရှိနေကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက “ကျွန်ုပ်တို့သည် သံတမန်ရေးနှင့် ဆွေးနွေးညှိနှိုင်းရေးလမ်းကြောင်းကို ပိတ်ထားခြင်းမရှိပါ။ သို့သော် မိမိတို့၏ အခွင့်အရေးများမှလည်း နောက်ဆုတ်ခြင်းမရှိပါ။ ရန်သူများက လမ်းကြောင်းပြောင်းလဲသည့်အခါတိုင်း ကျွန်ုပ်တို့သည် ၎င်းတို့၏ ရှေ့တွင် တည်ငြိမ်ခိုင်မာစွာ ရပ်တည်ခဲ့သည်”ဟု ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment