အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Hawzahnews၏အစီရင်ခံစာအရ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ နူးရ်ရီ ဟမ်ဒါန်နီ က « လိုအင်ဆန္ဒပြည့်မြောက်ပြီးနောက် နဇရ်ပြုခြင်း » နှင့်ပတ်သက်၍ မေးမြန်းထားသော မေးခွန်းတစ်ရပ်ကို ဖြေကြားခဲ့ပါတယ်။ စာဖတ်သူများအတွက် အောက်ပါအတိုင်း တင်ပြလိုက်ပါယ်။

လိုအင်ဆန္ဒပြည့်မြောက်ပြီးနောက် နဇရ်ပြုခြင်း
မေးခွန်း ။ ။ နဇရ်ပြုခြင်းမပြုမီကတည်းက လိုအင်ဆန္ဒပြည့်မြောက်ပြီးသားဖြစ်နေသော နဇရ်၏ အမိန့်မှာ မည်သို့ရှိသနည်း?
အဖြေ ။ ။ တစ်စုံတစ်ဦးက မိမိ၏ လူနာ ကျန်းမာလာပါက သို့မဟုတ် မိမိ၏ ခရီးသွားသူ ပြန်ရောက်လာပါက သတ်မှတ်ထားသည့် လုပ်ရပ်တစ်ခုကို ပြုလုပ်မည်ဟု နဇရ်ပြုခဲ့သော်လည်း၊ နောက်ပိုင်းတွင် နဇရ်မပြုမီကတည်းက လူနာမှာ ကျန်းမာပြီးသားဖြစ်နေခဲ့သည် သို့မဟုတ် ခရီးသွားသူမှာ ပြန်ရောက်ပြီးသားဖြစ်နေခဲ့သည်ကို သိရှိလာပါက၊ ထိုနဇရ်အတိုင်း လိုက်နာဆောင်ရွက်ရန် မဖြစ်မနေ တာဝန်မရှိပါ။
မှတ်ချက် - ဆိုလိုသည်မှာ နဇရ် ပြုသူ နဇရ်ပြုပြီး မှ သူပြုထားသည့် နဇရ် က အစကတည်းပြည့်နေပြီ ဖြစ်လျင် ထိုနဇရ် လုပ်ရန် တာဝန် မရှိတော့ချေ။ ပမာအား ဖြင့် လူတစ်ဦးတစ်ယောက် က သူခရီးထွက်နေချိန် သူကလေး နေမကောင်း တာ သိရ၍ နဇရ် လုပ်လိုက်ပါတယ်။ သူအိမ်ပြန်ရောက်တော့ သူကလေး နေကောင်း ကျန်းမာနေတာ တွေ့ရပါတယ်။ အိမ်ကလူကိုမေးကည့်တော့ ၂ ရက်အရင်ကကောင်းနေကြောင်းသိရပြီး သူနဇရ် ပြုထားတာက ၁ရက် တည်းသာ ရှိသေးသည် ဆိုလျင် ထိုနဇရ် ကို ဖြေရန် (လုပ်ပေးရန်) တာဝန် မရှိတော့ချေ။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment