၄ အောက်တိုဘာ ၂၀၂၆ - ၂၃:၅၆
အမေရိကန်၏ အကျိုးစီးပွားများ ပြည့်မီစေရန် ဆော်ဒီအာရေဗျက ယီမင်အပေါ် ကျူးကျော်တိုက်ခိုက်နေသည် / အလ်ဘုခိုင်သာ

အန်ဆွာရိုလ္လာဟ် ၏ နိုင်ငံရေးရုံးအဖွဲ့ဝင်က ဆော်ဒီအာရေဗျက ယီမင်အပေါ် ကျူးကျော်တိုက်ခိုက်နေခြင်း၏ ရည်ရွယ်ချက်မှာ အမေရိကန်၏ အကျိုးစီးပွားများကို ကာကွယ်ရန်ဖြစ်သည်ဟု ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ယီမင်နိုင်ငံ၏ အန်ဆွာရိုလ္လာဟ်လှုပ်ရှားမှု နိုင်ငံရေးရုံးအဖွဲ့ဝင် မိုဟမ္မဒ် အလ်ဘုခိုင်သာ  က အန်ဆွာရိုလ္လာဟ် အနေဖြင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း နောက်ဆုံးတွင် တအစ်ဇ်  ၏ အခြေအနေမှာ ပေါက်ကွဲနိုင်သည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။

အလ်ဘုခိုင်သာ က ဆက်လက်၍ ယီမင်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် တအစ်ဇ်ဒေသကို အလွန်အရေးကြီးသည့် ဒေသတစ်ခုအဖြစ် သတ်မှတ်ထားကြောင်းနှင့် အဆိုပါဒေသရှိ ပြည်သူများအနေဖြင့် အနောက်ဘက်ကမ်းရိုးတန်းတွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များကို မှတ်သားထားကြရန် တောင်းဆိုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

၎င်းက ဆော်ဒီအာရေဗျက ယီမင်အပေါ် ပြုလုပ်နေသည့် ကျူးကျော်တိုက်ခိုက်မှုသည် အမှန်တကယ်အားဖြင့် အမေရိကန်၏ ကျူးကျော်တိုက်ခိုက်မှု ဖြစ်ပြီး ဝါရှင်တန်၏ အကျိုးစီးပွားများနှင့် ဆန္ဒများနှင့်အညီ ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ဆိုပါတယ်။

ယီမင်ခေါင်းဆောင်က ဆက်လက်၍  အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) အား ဘက်မလိုက်သော ရပ်တည်ချက်ကို ထိန်းသိမ်းရန်နှင့် ယီမင်ပဋိပက္ခတွင် ပါဝင်မလာရန် အကြိမ်ကြိမ် အကြံပြုခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အလ်ဘုခိုင်သာက ဇီယွန်ဝါဒီအစိုးရ သည် အာရပ်နိုင်ငံများ၏ အစိုးရများကို ယီမင်အပေါ် ဆန့်ကျင်၍ စည်းလုံးလာစေရန် အဆက်မပြတ် ကြိုးပမ်းနေကြောင်း သတိပေးခဲ့ပါတယ်။

၎င်းက ယီမင်၏ လက်နက်ကိုင်တပ်ဖွဲ့များသည် အစ္စလာမ်ဘာသာ၏ သန့်ရှင်းမြင့်မြတ်သော နေရာများကို ပစ်မှတ်ထားနေသည်ဟူသော ရီယာဒ် ၏ ပြောဆိုချက်ကိုလည်း ငြင်းဆိုခဲ့ပါတယ်။

၎င်းက ဆနာအာ အနေဖြင့် အဆိုပါ သန့်ရှင်းမြင့်မြတ်သော နေရာများကို ကာကွယ်ရေးအတွက်သာ အလေးပေးဆောင်ရွက်နေပြီး ၎င်းတို့ကို ပစ်မှတ်ထားတိုက်ခိုက်ရန် မည်သည့်အကျိုးစီးပွားမျှ မရှိကြောင်း ပြောကြားခဲ့ပါတယ်။

မိုဟမ္မဒ် အလ်ဘုခိုင်သာ က ဆက်လက်၍  အိုမန်နိုင်ငံ၏ ကြားဝင်ညှိနှိုင်းပေးမှု မှအပ ယီမင်နှင့်ပတ်သက်၍ မကြာသေးမီက ပြုလုပ်ခဲ့သည့် အခြားသော ကြားဝင်ညှိနှိုင်းရေး ကြိုးပမ်းမှုအားလုံးသည် စိတ်ရင်းမှန်ဖြင့် ဆောင်ရွက်ခြင်းမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆော်ဒီဘက်က စစ်ပွဲကို ဆက်လက်ဖြစ်ပွားစေရန် အခိုင်အမာ တောင်းဆိုနေခြင်းသည် လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့်  ရီယာဒ်သည် ယီမင်တွင် ဆွေးနွေးညှိနှိုင်းရေး လမ်းကြောင်းကို အဟန့်အတားပြုနေသူ** ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha