အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အမေရိကန်သည် ဒေါ်နယ်ထရမ့်အစိုးရလက်ထက်တွင် UAE (အာရပ်စော်ဘွားများပြည်ထောင်စု) အပါအဝင် အရှေ့အလယ်ပိုင်း မဟာမိတ်နိုင်ငံများထံ လက်နက်နှင့် ကာကွယ်ရေးပစ္စည်းများ ဆက်လက်ရောင်းချနေပါတယ်။
UAE အတွက်လည်း ဒေါ်လာ ၁ ဘီလီယံခန့် တန်ဖိုးရှိသည့် လက်နက်ဆိုင်ရာ သဘောတူညီချက်များ ထွက်ပေါ်ခဲ့ပြီး အီရန်နှင့် ပဋိပက္ခ ပြန်လည်ဖြစ်ပွားလာနိုင်ခြေကို အကြောင်းပြုကာ လေကြောင်းကာကွယ်ရေးစနစ်များနှင့် ကြားဖြတ်ဒုံးကျည်များ၏ အရေးပါမှုကို အလေးပေးထားပါတယ်။
အခြေအနေ၏ ထူးခြားချက်မှာ အမေရိကန် ၏ စစ်ဘက်ဆိုင်ရာ လှုပ်ရှားမှုများ နှင့် ဒေသတွင်း စစ်ရေးအခြေစိုက်စခန်းများကို အသုံးပြုမှုများ ရှိနေသည့် တစ်ချိန်တည်းမှာပင် အဆိုပါဒေသနိုင်ငံများက မိမိတို့၏ လုံခြုံရေးအတွက် အမေရိကန်ထံမှ လက်နက်များကို ပြန်လည်ဝယ်ယူနေရခြင်း ဖြစ်ပါတယ်။
ဆော်ဒီအာရေဗျနှင့် အစ္စရေးတို့အပါအဝင် အမေရိကန်၏ အဓိကမဟာမိတ်နိုင်ငံများနှင့် လည်း လက်နက်နှင့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများအတွက် ဒေါ်လာဘီလီယံနှင့်ချီသည့် သဘောတူညီချက်များ ရှိနေပါတယ်။ ထို့အပြင် ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊ ဂျော်ဒန် စသည့် ဒေသတွင်းနိုင်ငံများနှင့်လည်း အမေရိကန်၏ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများနှင့် လက်နက်ရောင်းချမှုများ ဆက်လက်ရှိနေပါတယ်။
ထိုနိုင်ငံများအတွင်းရှိ အမေရိကန်စစ်ဘက်အခြေစိုက်စခန်းများနှင့် လေတပ်စခန်းများသည် အရှေ့အလယ်ပိုင်း စစ်ရေးမဟာဗျူဟာအတွက် အရေးပါသော အခြေခံအဆောက်အအုံများ ဖြစ်လာပါတယ်။ အီရန်နှင့် ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက အဆိုပါ စစ်ရေးအခြေစိုက်စခန်းများ၏ အရေးပါမှုသည် ပိုမိုမြင့်တက်လာနိုင်ပါတယ်။
တစ်ဖက်တွင် အမေရိကန်အတွက် အဆိုပါအခြေအနေသည် လုံခြုံရေးမဟာမိတ်ဆက်ဆံရေးအပြင် စီးပွားရေးအကျိုးအမြတ်နှင့်လည်း ဆက်စပ်နေပါတယ်။
စစ်ရေးတင်းမာမှု မြင့်တက်လာသည်နှင့်အမျှ မဟာမိတ်နိုင်ငံများ၏ လက်နက်၊ ဒုံးကျည်နှင့် လေကြောင်းကာကွယ်ရေးစနစ် ဝယ်လိုအားများလည်း မြင့်တက်လာနိုင်ပြီး အမေရိကန်၏ လက်နက်ထုတ်လုပ်ရေးကဏ္ဍအတွက် စီးပွားရေးအခွင့်အလမ်းများ ဖြစ်လာနိုင်ပါတယ်။
ထို့ကြောင့် မေးခွန်းက ရိုးရှင်းပါတယ်။ စစ်ရေးတင်းမာမှုကြောင့် အမှန်တကယ် ဆုံးရှုံးနစ်နာမှုကို ဘယ်သူတွေက ခံစားနေရသလဲ?လက်နက်အတွက် ဘယ်သူတွေက ပိုက်ဆံပေးနေရသလဲ? ထိုလက်နက်များကို ဘယ်သူက ရောင်းချပြီး ဝင်ငွေရရှိနေတာလဲ?
ဤအခြေအနေကို ဝေဖန်သူများက “စစ်ပွဲ၊ အန္တရာယ် ၊ လက်နက်ဝယ်ယူမှု၊ လက်နက်ရောင်းချသူအတွက် ဝင်ငွေ” ဟူသည့် စက်ဝိုင်းတစ်ခုအဖြစ် ရှုမြင်ကြပါတယ်။
ပြဿနာသည် လက်နက်ကုန်ကျစရိတ်နှင့် စစ်ရေးဆုံးရှုံးမှုများတွင်သာ ရပ်တန့်မနေပါ။ အရှေ့အလယ်ပိုင်းတွင် စစ်ရေးပဋိပက္ခများ ပိုမိုကျယ်ပြန့်လာပါက ရေနံထောက်ပံ့မှု၊ ရေကြောင်းကုန်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များကို ထိခိုက်စေနိုင်ပြီး ကမ္ဘာ့ရေနံဈေးနှုန်းနှင့် အစားအသောက်ဈေးနှုန်းများအထိ ရိုက်ခတ်လာပါတယ်။
အဆုံးတွင် စစ်ပွဲဖြစ်ပွားရာဒေသမှ ပြည်သူများသာမက ကမ္ဘာတစ်ဝန်းရှိ သာမန်ပြည်သူများပါ စီးပွားရေးကုန်ကျစရိတ်ကို မျှဝေခံစားရနိုင်ပါတယ်။ ထို့ကြောင့် “လုံခြုံရေးကို အာမခံပေးသူ” နှင့် “လုံခြုံရေးအတွက် လက်နက်ရောင်းချသူ” သည် တစ်ဦးတည်းဖြစ်နေခြင်းသည် အကျိုးစီးပွားပဋိပက္ခ မရှိနိုင်ဘူးလား** ဆိုသည့် မေးခွန်းက ဆက်လက်ရှိနေမည်ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment