၄ နိုဝင်ဘာ ၂၀၂၆ - ၁၈:၃၈
ကာတာက အီရန်၊အမေရိကန်ကြား စေ့စပ်ရေး ကြိုးပမ်းနေ

အီရန်နိုင်ငံမှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ကာတာကိုယ်စားလှယ်အဖွဲ့၏ တီဟီရန်ခရီးစဉ်သည် တီဟီရန်နှင့် ဝါရှင်တန်အကြား သဘောထားကွဲလွဲမှုများကို လျှော့ချရန်နှင့် စစ်ပွဲအဆုံးသတ်ရေးအတွက် ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ရပ် ရရှိလာစေရန် လမ်းခင်းပေးသည့် သံတမန်ရေးကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  လန်ဒန်နှင့် ဒိုဟာမြို့များမှ ထုတ်လွှင့်နေသော ကာတာမီဒီယာအဖွဲ့အစည်းတစ်ခုဖြစ်သည့် အယ်လ်အာရဘီ အယ်လ်ဂျာဒီဒ် သည် အီရန်နိုင်ငံမှ ယုံကြည်စိတ်ချရသော သတင်းရင်းမြစ်တစ်ဦးကို ကိုးကားပြီး ကာတာကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် တနင်္လာနေ့ညတွင် တီဟီရန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

ယင်းခရီးစဉ်၏ ရည်ရွယ်ချက်မှာ ဒေသတွင်းတင်းမာမှုများ လျှော့ချနိုင်ရေးအတွက် သံတမန်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများနှင့် ကြားဝင်စေ့စပ်ရေး ကြိုးပမ်းမှုများကို ဆက်လက်လုပ်ဆောင်ရန်ဖြစ်ပါတယ်။

သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ ကာတာကိုယ်စားလှယ်အဖွဲ့ကို ကာတာဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး၏ အကြံပေးပုဂ္ဂိုလ်က ဦးဆောင်လျက်ရှိပါတယ်။

တစ်ပတ်အတွင်း ကာတာကိုယ်စားလှယ်အဖွဲ့၏ တီဟီရန်မြို့သို့ လာရောက်မှုမှာ ယခုအကြိမ်နှင့်ဆိုလျှင် တတိယအကြိမ်မြောက်ဖြစ်ပါ တယ်။

ယင်းခရီးစဉ်သည် တီဟီရန်နှင့် ဝါရှင်တန်အကြား ကြားဝင်စေ့စပ်ပေးရန်နှင့် နှစ်ဖက်စလုံး၏ သဘောထားရပ်တည်ချက်များ နီးစပ်လာစေရန် ဒိုဟာဘက်မှ ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။

အဆိုပါ ကြိုးပမ်းမှုများ၏ ရည်ရွယ်ချက်မှာ စစ်ပွဲအဆုံးသတ်ရေးအတွက် သဘောတူညီချက်တစ်ရပ် ရရှိရန်ဖြစ်ပါတယ်။

သတင်းဖော်ပြချက်အရ ကာတာကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့်အပတ် တနင်္ဂနွေနေ့ကလည်း တီဟီရန်သို့ လာရောက်ခဲ့ပြီးနောက် သောကြာနေ့တွင် အီရန်နိုင်ငံသို့ ထပ်မံရောက်ရှိခဲ့ပါတယ်။

 ယင်းခရီးစဉ်အတွင်း ကိုယ်စားလှယ်အဖွဲ့သည် ၁၂ နာရီကြာမြင့်သည့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ကာဇမ် ဂါရစ်ဘ်အာဘာဒီ နှင့်အတူ တီဟီရန်မြို့မှ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ကာဇင်းမ် ဂရစ်ဗ်အာဘာဒီ သည်လည်း အဆိုပါ သံတမန်ရေးဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် ဒိုဟာမြို့သို့ သွားရောက်ခဲ့ပြီး အလားတူ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါတယ်။

အခြားတစ်ဖက်တွင်လည်း ရိုက်တာသတင်းဌာန က ကာတာကိုယ်စားလှယ်အဖွဲ့၏ တီဟီရန်ခရီးစဉ်ကို အတည်ပြုဖော်ပြခဲ့ပြီး ကာတာနိုင်ငံ၏ ကြားဝင်စေ့စပ်ရေးဆောင်ရွက်သူများသည် အီရန်နှင့် အမေရိကန်အကြား ဖြစ်နိုင်ခြေရှိသော သဘောတူညီချက်တစ်ရပ်နှင့်ပတ်သက်၍ ဆွေးနွေးရန် အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် တွေ့ဆုံဆွေးနွေးရေးအတွက် တီဟီရန်မြို့သို့ ထွက်ခွာသွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha