အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံတွင် «အက်စ်မာ အကယ်ဒမီ» ဟုခေါ်သော ကွန်ရက်အဖွဲ့သည် လူမှုကွန်ရက်များမှတစ်ဆင့် ဘာသာရေးအသွင်ဆောင်သည့် အကြောင်းအရာများ၊ အထောက်အထားခိုင်လုံမှုမရှိသော ဘာသာရေးဆိုင်ရာ ပြောဆိုချက်များနှင့် အယူသီးမှုများကို ထုတ်လုပ်ဖြန့်ဝေခဲ့သည်ဟု စွပ်စွဲခံထားရပါတယ်။
အဆိုပါကွန်ရက်သည် ဘလော့ဂါများနှင့် လူမှုကွန်ရက်ပေါ်တွင် လှုပ်ရှားသူများကို စုစည်းကာ Podcast များ၊ သင်တန်းများ၊ သင်ကြားရေးအစီအစဉ်များနှင့် အွန်လိုင်း၊ လူကိုယ်တိုင် ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိထားသည်ဟု အဗ်နာ သတင်းဌာန က ဖော်ပြပါတယ်။
ထို့အပြင် ဘာသာရေးဆိုင်ရာ ရွတ်ဖတ်ပူဇော်မှုများနှင့် ဆုတောင်းစာများကို အခြေခံသည့် သင်တန်းများ ရောင်းချခြင်းဖြင့် ဘီလီယံနှင့်ချီသော ဝင်ငွေများ ရရှိခဲ့သည်ဟုလည်း စွဲချက်တင်ပါတယ်။ ဘဏ်များမှ ငွေကြေးများ ထုတ်ယူပြီး ရွှေနှင့် နိုင်ငံခြားငွေများ ဝယ်ယူရန် လှုံ့ဆော်ခဲ့မှုများလည်း ပါဝင်ပါတယ်။
အဆိုပါကွန်ရက်နှင့် ဆက်နွှယ်သော လူမှုကွန်ရက်စာမျက်နှာများ၏ နောက်လိုက်အရေအတွက်မှာ ၁၅ သန်းကျော်ရှိကြောင်း သတင်းတွင် ဖော်ပြထားပါတယ်။
လက်ရှိတွင် အဖွဲ့ဝင် ၄ ဦးကို အစ္စလာမ်ဘာသာရေးအခြေခံမူများနှင့် ဆန့်ကျင်သော ဝါဒဖြန့်လှုပ်ရှားမှုများ ပြုလုပ်ခဲ့သည်ဟူသောစွဲချက်ဖြင့် တရားစွဲဆိုထားပြီး ဖမ်းဆီးထိန်းသိမ်းရန် အမိန့်ထုတ်ပြန်ထားပါတယ်။အခြားဆက်နွှယ်သူများကိုလည်း ဆက်လက်စစ်ဆေးနိုင်ရန် တရားရေးအာဏာပိုင်များထံ ဆင့်ခေါ်ထားကြောင်း သိရပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment