၁၂ နိုဝင်ဘာ ၂၀၂၆ - ၁၃:၁၈
ဤကဲ့သို့ အလ္လာဟ် ဟို အရှင်မြတ် ထံ ဆုတောင်းချင်ပါတယ် ...

စာရူသူများလည်း လိုက်တောင်းကြည့်ပါ ...နောက် အဆင်ပြေမယ်ဆို အာမီးန် လေးများ ရေးပေးကြပါ။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အို အလ္လာဟ် ဟို အရှင်မြတ်  …

အရှင် ကို မေ့လျော့သွားလောက်အောင် စည်းစိမ်ဥစ္စာတွေ အများကြီး မပေးသနားပါနှင့်။

သူတစ်ပါးရှေ့မှာ လက်ဖြန့်တောင်းခံစရာ မလိုလောက်အောင်သာ ရိက္ခာများ ကို ပေးသနားတော်မူပါ။

အကယ်၍ ဆင်းရဲခြင်းသည် ကျွန်ုပ်၏ ကံကြမ္မာတွင် ရေးမှတ်ထားပြီးဖြစ်ပါက၊
ထိုဆင်းရဲခြင်းနှင့်အတူ သည်းခံနိုင်စွမ်းကိုလည်း ပေးသနားတော်မူပါ။
လောကကြီးက မည်မျှပင် ကဲ့ရဲ့ပြစ်တင်ပါစေ၊
ကျွန်ုပ်၏ နှလုံးသားထဲတွင် အရှင်၏ နာမတော်ကို ရေးထိုးထားတော်မူပါ။

ချမ်းသာကြွယ်ဝသူများကို ပျော်ရွှင်မှုအတွက် တောင့်တနေရသည်ကိုလည်း တွေ့ခဲ့ဖူးပါတယ်။

ဆင်းရဲသားများကမူ မိမိတို့၏ ထမင်းတစ်လုပ်ကို သူတစ်ပါးနှင့် မျှဝေစားသောက်ရင်း ပြုံးပျော်နေကြသည်ကိုလည်း မြင်ခဲ့ဖူးပါတယ်။

ထိုအခါ …
စည်းစိမ်ဥစ္စာဖြင့် အိမ်တစ်အိမ်ကို ကြီးမားအောင် တည်ဆောက်နိုင်သော်လည်း၊
နှလုံးသားကိုတော့ ကြီးမြတ်အောင် တည်ဆောက်၍ မရနိုင်ဆိုတာကို  နားလည်လာခဲ့ပါတယ်။ 

ယနေ့ ကျွန်ုပ်၏ အိတ်ကပ်ထဲတွင် ငွေကြေးမရှိသော်လည်း၊
နှလုံးသားထဲတွင် မျှော်လင့်ချက်များ ရှိနေဆဲဖြစ်ပါတယ်။ 

လူတွေက မည်မျှပင် ကဲ့ရဲ့ပြစ်တင်ပါစေ၊
ကျွန်ုပ်၏ အရှင်မြတ်သည် ကျွန်ုပ်နှင့်အတူ ရှိတော်မူပါတယ်။

အာမီးန် ... 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha