အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အီရန်နိုင်ငံတွင် ဆိုင်ဖွင့်လှစ်ရောင်းချနေသည့် အမျိုးသားတစ်ဦးသည် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနှင့် မျက်နှာသွင်ပြင် အလွန်ဆင်တူနေခြင်းကြောင့် အငြင်းပွားဖွယ်ရာ အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်နေရပါတယ်။
အီရန်နိုင်ငံသားအချို့က ၎င်း၏မျက်နှာသွင်ပြင်သည် နေတန်ယာဟုနှင့် ဆင်တူနေခြင်းကို အကြောင်းပြု၍ အဆိုပါဆိုင်တွင် ပစ္စည်းများ ဆက်လက်ဝယ်ယူခြင်းမပြုတော့ကြောင်း ပြောဆိုကြသည့်အပြင် ဆိုင်ကို သပိတ်မှောက်ရန်လည်း တောင်းဆိုမှုများ ပြုလုပ်လာကြပါတယ်။
ဤဖြစ်ရပ်ကို ကြည့်ခြင်းအားဖြင့် အပြစ်မဲ့ ပါလက်စတိုင်း ၊ လက်ဘနွန် ၊ အီရန်ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အီရန်ပြည်သူများအပေါ် အစ္စရေး၏ စစ်ရေးတိုက်ခိုက်မှုများနှင့် အီရန်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်မှုများအတွက် နေတန်ယာဟုအပေါ် အီရန်ပြည်သူအချို့၏ အလွန် မုန်းတီးရွံရှာမှုနှင့် အလွန် နာကြည်းမှု မည်မျှပြင်းထန်နေသည်ကိုလည်း ထင်ဟပ်မြင်တွေ့နိုင်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment