သခင်မကြီး ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ) ၏ နောက်ဆုံး မှာတမ်း
သခင်မကြီး ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ) ၏ နောက်ဆုံး မှာတမ်း
قال رسول اللهُ ص : فَاطِمَةُ بَضْعَةُ مِنِّیْ فَمَنأَغْضَبَهَا أَغْضَبَنِیْ
ဖွာသေမာ(အ.စ)သည်အကျွန်ုပ်ခန္ဓာကိုယ်၏အစိတ်အပိုင်းတစ်ခုဖြစ်ပေသည်။
ထိုနောက် အကြင် မည်သူမဆို သူမအားဒုက္ခ(ကိုယ်၊စိတ်၊နှလုံး)ပေးသူသည်
အကျွန်ုပ် အား ဒုက္ခပေး ခြင်း ဖြစ်၏၊(တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ))
စဟီးဘုခါရီကျမ်း၊အတွဲ၅၊စ.မ.၁၀၅၊ပုံနှိပ် ဘေရွတ်မြို့ ၊လက်ဘနွန်။
သခင်မကြီး(အ.စ)၏ ရှာဟာဒတ်(သ)နေ့  အချိန်အခါဖြစ် ၍ ကမ္ဘာ့ရှီအာအမျိုးသား၊အမျိုးသမီး
တို့ နှင့်  တကွ အထူးသဖြင့်  အမိ မြန်မာနိုင်ငံ ရှိ မိုဟစ်ဗေ အလ်လေဘိုက်(အ.စ) အားလုံးတို့အားဝမ်းအရမ်းနည်းကြောင်း၊ကြေကွဲတမ်းတကြောင်းရေးသား လိုက် ပါသည်။
ထို့အတူသခင်မကြီး(အ.စ)အားဒုက္ခ(ကြီး၊ငယ်)ပေးခဲ့ကြသော၊ပေးနေကြသော၊ပေးမည်ဖြစ်
သောရန်သူများအားလုံးအပေါ်အကြိမ်ကြိမ်အခါခါ၊လအ်နသ်ကျိန်စာ(အရှင်မြတ်၏ရဟ်မသ် (သ)တော်များမှအပယ်ခံရခြင်း) ပို့ သပါ၏။ အာမီး(န) သခင်မကြီး ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ)သည် နောက်ဆုံး အချိန် ရောက် သည်အခါ - မိမိ အတုမဲ့ ခင်ပွန်းသည် ဟဇရတ်
အေမာမ် အလီ (အလိုင်ဟစ်စလာမ်) အားပြော လေသည်။ ((အိုဘကြီးတော်၏ သားတော်
ကျွန်မမကြာမှီ မိမိဖခင်နှင့်တွေ့ဆုံရတော့မည်ဆိုတာ ယုံကြည် ပါတယ်။ဤ အတွက်ကြောင့်
ကျွန်မနေဖြင့် မှာ တမ်း မှာ လိုပါတယ် ။))
ဟဇရတ်အေမာမ်အလီ(အလိုင်ဟစ်စလာမ်)အနေဖြင့်သခင်မကြီးအနီးတွင်လာထိုင်ပြီးပြော လေ၏။
((အို တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်) ၏ သမီးတော် ၊ အသင်ဟာကျွန်တော်အတွက် အမာနတ် တစ်ခုဖြစ်ပေသည်။အသင်၏နှလုံးသားမှတောင်း
တသည့်အရာမှန်သမျှ မှာတမ်းအဖြင့်မှာကြားပါလေ။ မှာတမ်းအရ ဆောက်ရွက်ဖို့ ကတိပေး ပါတယ်။))
ထိုအချိန် ဟဇရတ် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) သည် သနားစရာကောင်းပြီးသော
ကပင်လယ် ဝေနေသည့် သခင်မကြီး၏ မျက်နှာတော်ကြည့်ပြီး ငိုကြွေးလေ၏။
သခင်မကြီး ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ)သည်ကိုယ်တော်အားလှည့်ကြည့်
တော်မူပြီး ပြောကြားလေ၏။
((အိုဘကြီးတော်၏ သားတော် ၊ ကျွန်မ အနေဖြင့် အသင်၏အိမ်တွင်နေထိုင်ခဲ့သမျှကာလပတ် လုံးမုသာမဆိုခဲ့ချေ။အလွဲသုံးစား မပြုခဲ့ချေ။ ထိုအပြင် အသင်၏ဥပဒေများ၊စည်းကမ်းချက်
များနှင့် အညီ အမြဲနေရန် ကြိုးစားခဲ့ပါသည်။ သိုသော်လည်း (တာဝန်ကျေခဲ့သည်ကြားမှပင်)
ကျွန်မ၏ ဟာကွက်ပျော့ ကွက်များကို ခွင့်လွတ်ပေးပါ။))
မှတ်ချက် ။။ သခင်မကြီးသည်မာစူမ်ပြစ်မဲ့ဖြစ်ပေသည်။
အထက်ပါ ပြောဆိုမှုသည် ကျွန်တော်တို့အား ပညာပေး သွန်သင်ရန် အလိုငှာ ဖြစ်ပေသည်။
ဟဇရတ် အေမာမ် အလီ (အလိုင်ဟစ်စလာမ်) မိန့်တော်မူသည်မှာ -
((အို တမန်တော်မြတ်ကြီး (ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါအာလေဟီဝစလာမ်) ၏
သမီးတော် အသင်သည် အလ္လာဟ် ဟို အရှင်မြတ်၏ မအ်ရေဖ် တွင်မည်သည်အထိရှိနေသည်ဆိုလျှင် အသင်၏ပေါလျော့မှုကို မဆိုထားနှင့် ဖြစ်နိုင်ချေကိုပင်ပြောပိုင်ခွင့်မရှိချေ။))
((အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ် - အသင်နှင့်ခွဲကွာမှု၊ဝေးရမှု သည် ကျွန်ုပ် အတွက် အရမ်း ကိုခက်ခဲပြီး၊လေးလံလှပါသည်။အကြောင်းသည်ကားတမန်တော်မြတ်ကြီး(ဆွလ်လ္လာဟ်ဟိုအလိုင်ဟေဝါ
အာလေဟီဝစလာမ်) လောကကြီးမှကြွမြန်းတော်မူချိန်တွင် အသင်သာလျှင် ကျွန်ုပ်အား
ကူညီဖေးမ ခဲ့ပေသည်။ အသင်မရှိတော့သည်အချိန် ကျွန်ုပ်ကို ဘယ်သူ ကူညီမည်နည်း?
မည်သို့ ဆိုစေ သေခြင်းတရားဆိုတာ အမှန်တရားတစ်ခုပင်တည်း။ သေခြင်းတရား၏ ရှေ့တွင်မည်သူမျှ
မတတ်နိုင်ချေ။အလ္လာဟ်ဟိုအရှင်မြတ်၏ကစမ်အသင်၏အလ္လာဟ်အမိန့်ခံယူမှုသည်ကျွန်ုပ်အတွက် သောက၊ဒုက္ခ
ဝေဒနာများကို ပြန်လည်း သစ်စေပါသည်။
အသင်၏လူငယ်အရွယ် အချိန်တွင် အလ္လာဟ်ဟို အရှင်၏အမိန့်နာခံမှု(ကွယ်လွန်မှု) သည် ကျွန်ုပ်အတွက်အရမ်းကိုကြီးမားသည့်နာကျင်ဖွယ်ရာ ဖြစ်ရပ် တစ်ခုဖြစ်ချေသည်။
(အင်နာလစ်လ္လာဟ်ဟေ ၊ဝအန်နာအေလိုင်းဟေရဂျေအူး(န) )
အလ္လာဟ်ဟိုအရှင်မြတ်၏ ကစမ် - ဤ ကြီးမားသည့်နာကျင်ဖွယ်ရာဖြစ်ရပ်(သခင်မကြီး၏ရှဟာ ဒတ် )
ကို ကျွန်ုပ် မည်သည့် အခါမှ မေ့ မည် မဟုတ်ချေ။ ))
ကြည့် - ဗေဟာ ရွလ်အန်နာဝါရ် ကျမ်း အတွဲ ၄၃
သခင်မကြီး ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ)သည်မိမိဘဝ၏အမှန်တရားများ
ခင်ပွန်းသည်၏ အမိန့်နာခံမှု ကို တင်ပြပြီးနောက် သခင်မကြီး(အ.စ) နှင့် သခင်ကြီး(အ.စ)တို့ သည် အတူတူငိုကြွေးကြလေသည်။ပြီးနောက်သခင်မကြီး၏ ငိုကြွေးမှုကို ငြိမ်းသက် သွားချိန်တွင်
ဟဇရတ် အေမာမ် အလီ (အလိုင်ဟစ်စလာမ်)မှ ဟဇရတ်ဇဟ်ရာ(စလာမိုလ္လာဟ် အလိုင်ဟာ)
အား မိန့်တော်မူလေ၏။
((အို ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ)မိမိ၏မိုဘာရတ် ခေါင်းတော်ကို ကျွန်ုပ်၏
ရင်ခွင်တွင်ထားပါလေ။ )) ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ) သည်မိမိ၏မိုဘာရတ် ခေါင်းတော်
အားဟဇရတ် အေမာမ် အလီ (အလိုင်ဟစ်စလာမ်)၏ ရင်ခွင်တွင်ထားတော်မူလေသည်။
ပြီးနောက် ကိုယ်တော်အလီ (အ.စ) မှ မိန့်တော်မူလေသည်။
အသင်(ဟဇရတ်မဖွာတေမာ(အ.စ)) ကျွန်ုပ်ကို ဝဇီယတ်(မှာတမ်း၊သေတမ်း) ပြုပါလေ။
ဟဇရတ် ဇဟ်ရာ (စလာမိုလ္လာဟ် အလိုင်ဟာ)အနေဖြင့်လည်း ဝဇီယတ်(မှာတမ်း၊သေတမ်း)
များ ပြုလေ၏။
မှာတမ်း(၁)အိုဘကြီးတော်၏သားတော်အမျိုးသားသည်အမျိုးသမီးမရှိဘဲဘဝတည်ဆောက်၍မရချေ။
ဤအတွက်ကြောင့်ကျွန်မ၊မရှိသည့်နောက်ပိုင်းအမါမဟ်နှင့်အိမ်ထောင်ပြု ပါလေ။ အကြောင်းသည်ကားအမါမဟ်သည်အခြားအမျိုးသမီးများနှင့်ယှဉ်လျှင်ကျွန်မကလေးတွေ အပေါ် ပိုပြီးသနားကြင်နာမည် ဖြစ်ပါသည်။
ကြည့် - ၊မနာကေဗ်ဗေ ရှဲဟ်ရေအာရှိုဗ် အတွဲ ၃ ၊စာမျက်နှာ ၃၆၂ ၊

မှာတမ်း(၂) ကျွန်မကလေးတွေကို ချိုသာညှင်းသာစွာ ဆက်ဆံပေးပါ။မည်သည့်အခါမှ မအော်မဟောက်ပါနှင့်။(မောင်လာအလီ(အ.စ)သည်မာစူမ်ဖြစ်ပေသည်။
ကျွန်တော်တို့ကိုပညာပေးရန်အတွက်ဖြစ်ပေသည်။)
မှာတမ်း(၃)ကျွန်မ ဂျနာဇာ ကို ထည့်ဖို့ သေတ္တာခေါင်း စီစဉ်ပေးပါ။
မှာတမ်း(၄)ကျွန်မဂျနာဇာအားညအချိန်ရေချိုးပေးခြင်း၊ကဖန်ဝတ်ပေးခြင်း၊ဒဖာနာခြင်းကို ပြုလုပ်ပေးပါ။
ထိုသူများ(ပထမခလီဖာ၊ဒုတိယခလီဖာနှင့်စသည်ဖြင့် …) ကို ကျွန်မ ဂျနာဇာကိစ္စအတွက်